မြေဩဇာတင်သွင်းခွင့်/ တင်ပိုခွင့် မှတ်ပုံတင်လျှောက်ထားခြင်း
Last Updated: 2023-03-31 03:38:53
Summary
Description
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန
မြေဩဇာတင်သွင်းခွင့်/ တင်ပို့ခွင့် မှတ်ပုံတင်လက်မှတ်ရရှိရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန |
စိုက်ပျိုးရေးဦးစီးဌာန |
ရည်ရွယ်ချက် |
မြေဩဇာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေဩဇာလုပ်ငန်းများ စနစ် တကျရှိစေရန် |
လိုအပ်သည့်စာရွက်စာတမ်း |
မြေဩဇာဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ ၁။ ပြည်ပသို့မြေဩဇာတင်သွင်းသူ မှတ်ပုံတင် လျှောက်လွှာ ပုံစံ (၂) / ပြည်တွင်းသို့ မြေဩဇာ တင်သွင်းသူ မှတ်ပုံတင်လျှောက်လွှာ ပုံစံ (၃) ၂။ လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင်ကဒ် ၃။ လျှောက်ထားသူ၏ (၁.၃ x ၁.၁ လက်မ) အရွယ် ကာလာဓာတ်ပုံ ၄။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်နှင့် ဒါရိုက်တာအဖွဲ့ဝင်စာရင်း ၅။ ပို့ကုန်သွင်းကုန်လုပ်ငန်းလိုင်စင် (ပသက) ၆။ ပြည်ပကုမ္ပဏီ၏စံချိန်စံညွှန်းပြည့်မီကြောင်းအာမခံချက် ၇။ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးပြည့်မီကြောင်း အာမခံချက် ၈။ ထုတ်ပိုးမှုပုံစံ (အိတ်ပုံစံ)နှင့် မြေဩဇာနမူနာပုံစံ |
လုပ်ငန်းစဉ်အဆင့် |
Myanmar Agricultural Inputs Registration System (MAIRS), mairs.doa.gov.mm တွင် online စနစ်ဖြင့် လျှောက် ထားရမည်။ ၁။ လိုအပ်သော အထောက်အထားများစိစစ်ပြီးပါက မြေဩဇာနမူနာအား ဓာတ်ခွဲခန်းသို့ပေးပို့၍ ကျသင့်သောဓာတ်ခွဲ စစ်ဆေးခနှုန်းထားများကို စိုက်ပျိုးရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် MD- 013167 သို့ ပေးသွင်းရမည်။ ၂။ ရွက်ဖျန်းမြေဩဇာနှင့် ဇီဝမြေဩဇာများအတွက် သီးနှံတစ်ရာသီစမ်းသပ်ကွက် (Field Trial Test) ဆောင်ရွက်ရမည်။ ၃။ မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့သည် ဓာတ်ခွဲခန်းစစ်ဆေးမှုရလာဒ်များနှင့် နည်းပညာနှင့် သက်ဆိုင်သည့်အချက်အလက်များအားစိစစ်ပြီး မြေဩဇာကော်မတီသို့ ထောက်ခံတင်ပြပါ သည်။ ၄။ မြေဩဇာကော်မတီမှ မြေဩဇာတင်သွင်းခွင့်/ တင်ပို့ခွင့်မှတ်ပုံတင်လက်မှတ်များကို စိစစ် ၍ထုတ်ပေးပါသည်။ ၅။ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး မှုး၊ စိုက်ပျိုးရေးဦးစီးဌာနတွင် မြေဩဇာဖြန့်ဖြူးရောင်းချခွင့် လိုင်စင်လျှောက်ထားရမည်။ |
ကုန်ကျစရိတ် |
၉၀၀၀၀ ကျပ် (၃နှစ်သက်တမ်း) |
ကြာမြင့်ချိန် |
Solid fertilizer (importer/ exporter) အတွက် ၂၀ ရက် - မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့အစည်းအဝေးနှင့် မြေဩဇာ ကော်မတီ အစည်းအဝေးများ အား(၃)လတစ်ကြိမ် ကျင်းပ လျှက်ရှိပါသည်။ - မြေဩဇာအလိုက် လိုအပ်သော အချက်အလက်များ စစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့် စမ်းသပ်ကွက်များ ဆောင်ရွက်ပြီးပါက အနီးစပ်ဆုံး မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့နှင့် မြေဩဇာ ကော်မတီသို့ တင်ပြပေးမည် ဖြစ်ပါသည်။ |
လျှောက်ထားရမည့်နေရာ |
Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm |
Onlineစနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း |
Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm |
လက်မှတ်ရေးထိုးသည့်ရာထူး/ အဆင့် |
အတွင်းရေးမှူး၊မြေဩဇာကော်မတီ |
ဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ် |
မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေပြင်ဆင်သည့်ဥပဒေ။ ဥပဒေပုဒ်မ (၇) |
Source: https://myanmartradeportal.gov.mm/index.php/my/procedure/55