ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ
Last Updated: 2022-08-08 08:43:31
Summary
Description
က်မှုဝန်ကြီးဌာန
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း လုပ်ဆောင်ရမည့်အစီအစဉ်များ
အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသူသည် ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းတွင် အသုံးပြုမည့်ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရန်လိုအပ်ပါသည်။
မှတ်ပုံတင်လက်မှတ်လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ မှတ်ပုံတင်လျှောက်လွှာ ပုံစံ(၇) နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် ပူးတွဲတင်ပြရမည်-
(က) ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင်/ Passport မိတ္တူပူးတွဲ )
( ခ) လုပ်ငန်းလိုင်စင်မူရင်းနှင့် မိတ္တူ
( ဂ) အသုံးပြုရန် အဆိုပြုတင်ပြသည့် ကုန်အမှတ်တံဆိပ်(အညွှန်းစာ) (၁) စုံ (မြန်မာဘာသာပြန်ဆိုချက်ဖြင့်)
(ဃ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့် အတွေ့အကြုံများအတွက် ထောက်ခံချက်မိတ္တူများ
( င) စက်ရုံ၊ မှတ်ပုံတင်ရရှိပြီးကြောင်း အထောက်အထားအတွက် မူရင်းနှင့်မိတ္တူ
( စ) အန္တရာယ်ကင်းရှင်းမှုအဆင့် မှတ်တမ်းလွှာ (MSDS/SDS)
( ဇ) Certificate of Analysis (COA)
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၂၅ အရ လျှောက်ထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၇) အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်း ရှိ/မရှိနှင့် ပူးတွဲတင် ပြမည့်စာရွက်စာတမ်းများပြည့်စုံခြင်း ရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့်မညီညွတ်ခြင်း သို့မဟုတ် အခြားအချက်အလက်များလိုအပ်ပါကလျှောက် ထားသူအားအကြောင်းကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်များပြည့်စုံပါက လျှောက်ထားသူအား မှတ်ပုံတင်ခပေးသွင်းရန် အကြောင်းကြားမည်ဖြစ်ပါသည်။
အဆင့်(၃)
လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ မှတ်ပုံတင်ခပေးသွင်းရ ပါမည်။
မှတ်ပုံတင်ခ
စဉ် |
ဓာတုပစ္စည်းအရေအတွက် |
နှုန်း(ကျပ်) |
သက်တမ်း |
(က) |
၁ မျိုးမှ ၁၀ မျိုးထိ |
၅၀,၀၀၀ |
၂ နှစ် |
( ခ) |
၁၁ မျိုးမှ ၂၀ မျိုးထိ |
၁၀၀,၀၀၀ |
၂ နှစ် |
( ဂ) |
၂၁ မျိုးနှင့်အထက် |
၁၅၀,၀၀၀ |
၂ နှစ် |
အဆင့်(၃-က)(မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးခြင်း)
မှတ်ပုံတင်လက်မှတ်ရရှိသူသည် မှတ်ပုံတင်လက်မှတ် သက်တမ်းမကုန်ဆုံးမီရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ လျှောက် ထားရမည်ဖြစ်ပြီး ဥက္ကဋ္ဌ၏ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၏ ငွေစာရင်းအမှတ် (MD-012564) သို့ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခပေးသွင်းရပါမည်။
မှတ်ပုံတင်သက်တမ်းတိုးမြှင့်ခ
စဉ် |
ဓာတုပစ္စည်းအရေအတွက် |
နှုန်း(ကျပ်) |
သက်တမ်း |
(က) |
၁ မျိုးမှ ၁၀ မျိုးထိ |
၃၀,၀၀၀ |
၂ နှစ် |
( ခ) |
၁၁ မျိုးမှ ၂၀ မျိုးထိ |
၆၀,၀၀၀ |
၂ နှစ် |
( ဂ) |
၂၁ မျိုးနှင့်အထက် |
၉၀,၀၀၀ |
၂ နှစ် |
အဆင့်(၄)
လျှောက်ထားသူကိုယ်တိုင် မှတ်ပုံတင်လက်မှတ် သို့မဟုတ် သက်တမ်းတိုးကတ် လာရောက်ထုတ်ယူပါက မှတ်ပုံတင်/ Passport မူရင်း၊ မိတ္တူတစ်စုံနှင့်သော်လည်း ကောင်း၊ ကိုယ်စားလှယ်ဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်အတူ ယူဆောင်လာရပါမည်။
Source: https://myanmartradeportal.gov.mm/index.php/my/procedure/18