သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သည့် ကုန်စည်များ တင်သွင်းမှုနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅) ပါ အပိုဒ် ၇၄ တွင် "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့်ပစ္စည်းများအတွက် ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက်ရှိခြင်းမရှိစေရ" ဟု သတ်မှတ်ထားခြင်းကို အကောက်ခွန်ကုန်လှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အဆိုပါသတ်မှတ်ချက်အား "သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်ကုန်လှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခြင်းမရှိစေရ"ဟု ပြင်ဆင်သတ်မှတ်ခြင်း

အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကဏ္ဍ General

ဒေါင်းလုပ်