ယခင်တစ်ပတ်ထက်ဒီဇယ်အဝင်ပိုပြီး ဓာတ်ဆီအဝင်လျော့

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇန်နဝါရီလ ၁ ရက်မှ ၇ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ၄၁၉၃၄၈၁၅တန်ဖိုးရှိ ဒီဇယ်၉၁၆၅၄ ဒသမ ၉၄၈ တန်နဲ့ ကန်ဒေါ်လာ ၂၈၄၆၇၄၆၅ တန်ဖိုးရှိ ဓာတ်ဆီ ၃၅၂၀၇ဒသမ ဝ၅၃တန်၊စုစုပေါင်း ၁၂၆၈၆၂ ဒသမ ဝ၀၁ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်တန် ချိန် ၅၅၀ဝ၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၃၅၈၀ဝကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခင် သီတင်းပတ် ဓာတ်ဆီအဝင်တန်ချိန် ၅၅၄၀ဝကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၂၀ဝ၀ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် ဒီတစ်ပတ်မှာဒီဇယ် အဝင်ပိုခဲ့ပြီး ဓာတ်ဆီအဝင်လျော့ခဲ့ပါတယ်။
နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၉၆၀ဝတန်ဖိုးရှိ ဒီဇယ်၃၆ဒသမဝ၃၆တန်တင်သွင်းခဲ့သလို မြဝတီကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ၁၂၈၇၀တန်ဖိုးရှိ ဓာတ်ဆီ၂၁တန် တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။  
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ (၉၅)မှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်  ၇၀၅ကျပ်၊ အောက်တိန်း (၉၂) ၇၀၅ ကျပ် ၊ အောက်တိန်း (၉၅)  ၇၅၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၂၅ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ   ဇန်နဝါရီ ၉ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၄၃၀ဝ၀၊ ရောင်းဈေး  ကျပ်၁၄၇၀ဝ၀  နဲ့  အရောင်းအဝယ်ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်တွင် ဝယ်ဈေးငြိမ်သော်လည်း ရောင်းဈေး ကျပ်၂၀ဝ၀ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၉ ရက်မှာ ဓာတ်ဆီဝယ်ဈေး  ကျပ် ၁၃၄၀ဝ၀၊ ရောင်းဈေး ကျပ်၁၃၆၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဇန်နဝါရီ ၁၂ ရက်တွင် ဝယ်ဈေး ကျပ် ၁၀ဝ၀ ဈေးကျခဲ့ပြီး ရောင်းဈေး ငြိမ်နေခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေး နဲ့နှိုင်းယှဉ်ရင် ဒီဇယ်ရော ဓာတ်ဆီပါ ဈေးအတက်အကျ သိပ်မရှိခဲ့ဘူးလို့ သိရပါ တယ်။ ပြင်ပလက်လီတစ်ဂါလံဈေးများမှာ ဒီဇယ်တစ်ဂါလံ  ကျပ် ၃၀ဝ၀ ၊ ဓာတ်ဆီ တစ်ဂါလံ  ကျပ်၂၈၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က  ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီ၊  ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး ငြိမ်ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ကျပ် ၊ ဒီဇယ်  ကျပ် ၇၁၀ ၊ အဆင့်မြင့်ဒီဇယ်  ၇၅၅ကျပ်၊ အောက်တိန်း (၉၂) ၇၅၅ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင် များမှာ အရောင်းအဝယ်ဖြစ်နေတဲ့  ပီပါဈေးများမှာ ဇန်နဝါရီ ၉ ရက်မှာ ဒီဇယ် ဝယ်ဈေး ကျပ် ၁၄၉၀ဝ၀၊ ရောင်းဈေး  ကျပ် ၁၅၂၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ  တစ်ပတ်လုံးဝယ်ဈေး၊   ရောင်းဈေး ကျပ် ၁၀ဝ၀ ဝန်းကျင်သာ အတက်အကျနဲ့  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇန်နဝါရီ  ၉ ရက်တွင် ဝယ်ဈေး  ကျပ် ၁၃၄၀ဝ၀၊ ရောင်းဈေးကျပ် ၁၃၆၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့နှိုင်းယှဉ်ရင် ဈေးအပြောင်းအလဲမရှိဘူးလို့  သိရပါတယ်။ ပြင်ပလက်လီဆိုင် များတွင် တစ်ဂါလံဈေးမှာ ဒီဇယ် ကျပ်၃၂၀ဝ၊ ဓာတ်ဆီ ကျပ်၂၉၀ဝ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလံဈေးများမှာ ဓာတ်ဆီ  ကျပ် ၃၂၀ဝ၊ ဒီဇယ်ကျပ် ၃၃၃၀၊ အောက်တိန်း ၃၃၇၅ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ  ကျပ်  ၃၂၀ဝ၊ ဒီဇယ် တစ်ဂါလံ ကျပ် ၃၄၀ဝ၊ အောက်တိန်း တစ်ဂါလံ ကျပ် ၃၄၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။  ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလံ ဈေးနှုန်းများမှာ ဓာတ်ဆီတစ်ဂါလံ ၃၂၀ဝ ကျပ်၊ ဒီဇယ်တစ်ဂါလံ ၃၂၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလံ ၃၂၀ဝကျပ်၊ ဒီဇယ်တစ်ဂါလံ ၃၂၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။                                                             

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General