ပြည်(ကြက်သွန်ဖြူ) ပွဲရုံတွင် အဝင်အထွက်ရှိမှုပေါ် မူတည်ပြီး ဈေးနှုန်းပြောင်းလဲ

ပြည်ကြက်သွန်ဖြူ(ပွဲရုံ)များတွင် တစ်ပတ်အတွင်း ကြက်သွန်ဖြူ အိတ် ဝင်ရောက်မှုပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်နေတာတွေ့ရပြီး ပုံမှန် ရောင်းဝယ်မှုရှိနေပါတယ်။ ဒေသတွင်း လက်လီရောင်းဝယ်ရေးသမားများကလည်း နေ့စဉ်ဝယ်ယူနေတာတွေ့ရပါတယ်။ ကြက်သွန်ဖြူပွဲရုံတစ်ပိဿာဈေး (ရှမ်း) ကျပ် ၅၀ဝ၀နှင့် (ကြူကုတ်စ) ကျပ် ၅၀ဝ၀ ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဒေသတွင်း လက်လီဈေးကတော့ (ရှမ်းစ)ကျပ် ၅၃၀ဝနှင့် (ကြူကုတ်စ) ကျပ် ၅၅၀ဝ တို့ဖြစ်ပါ တယ်။ ကြူကုတ်စ ဈေးတစ်ပိဿာပေါ်တွင်  ယခင်တစ်ပတ်ထက် ကျပ် ၁၅၀မှ ကျပ်၂၀ဝဈေးတက်လာပေမယ့် အမွှာအတက်များကြီးပြီး အရည်အသွေးကောင်း လာတာတွေ့ရပါတယ်။ သယ်ယူခနှုန်းထားများ (ကားခ)အနည်းငယ်တက်လာတယ် လို့လည်းသိရပါတယ်။  ယခင်က (၁၀) ဘီးကား တစ်စီးလျှင်  အိတ် ၁၀ဝ၀ နီးပါး အတင်ရှိပြီး ယခုအိတ် ၈၀ဝခန့်သာ တင်ပို့နိုင်တာကြောင့် ပုံမှန်ဝင်ရောက်မှုရှိပေမယ့် အိတ်ရေလျော့နည်းမှုကြောင့်ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ပွဲရုံပိုင်ရှင် တစ်ဦးက ပြောကြားခဲ့ပါတယ်။ တစ်ပတ်အတွင်း အိတ်၂၀ဝကျော် အရောင်းအဝယ် ဖြစ်ကြောင်းလည်းသိရပါတယ်။                                         နီနီဝင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General