MFN အကောက်ခွန်နှုန်းထားများနှင့် FTA အလိုက်အကောက်ခွန်နှုန်းထားများ

Myanmar Customs Tariff 2017 တွင် အပိုင်း (၂၁) ခု၊ အခန်း (၉၈) ခန်းနှင့် ကုန်စည်လိုင်း (၁၁၁၆၇) လိုင်းတို့ ပါဝင်ပါသည်။ MCT 2017 တွင် အကောက်ခွန်နှုန်း သုည (၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်းထိ အကောက်ခွန်နှုန်းထားပေါင်း (၁၅) မျိုးရှိပါသည်။ Myanmar Customs Tariff 2017 သည် WCO HS 2017 version ကို အခြေခံထားပါသည်။

အာဆီံယံလွတ်လပ်သောကုန်သွယ်မှုဒေသ (AFTA) 

အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (AFTA) ကို ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် တည်ထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအလိုက် သတ်မှတ်အချိန်ဇယားအတိုင်း အကောက်ခွန်နှုန်းထားများကို သုည (၀) ရာခိုင်နှုန်းသို့ လျော့ချရန် သဘောတူညီခဲ့ကြပါသည်။

အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ (ACFTA)

အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ (ACFTA) ကို ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် တည်ထောင်ခဲ့ပြီး အဆိုပါ သဘောတူညီချက်အရ မြန်မာနိုင်ငံသည် ကုန်စည်အလိုက် အကောက်ခွန်နှုန်းထားများကို ၂၀၁၀၊ ၂၀၁၅၊ ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်များအလိုက် လျော့ချသွားမည်ဖြစ်ပါသည်။

အာဆီယံ-ကိုရီးယားလွတ်လပ်သောကုန်သွယ်မှုဒေသ (AKFTA) 

အာဆီယံ-ကိုရီးယားလွတ်လပ်သောကုန်သွယ်မှုဒေသ (AKFTA) ကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့တွင် တည်ထောင်ခဲ့ပြီး သဘောတူညီချက်အရ မြန်မာနိုင်ငံသည် ကုန်စည်အလိုက် အကောက်ခွန်နှုန်းထားများကို ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၅နှင့် ၂၀၁၈ခုနှစ်များအလိုက် လျော့ချသွားမည်ဖြစ်ပါသည်။

အာဆီယံ- ဂျပန်လွတ်လပ်သောကုန်သွယ်မှုဒေသ (AJFTA)

အာဆီယံ-ဂျပန်လွတ်လပ်သောကုန်သွယ်မှုဒေသ (AJFTA) ကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် တည်ထောက်ခဲ့ပြီး သဘောတူညီချက်အရ  မြန်မာနိုင်ငံသည် ကုန်စည်အလိုက် အကောက်ခွန်နှုန်းထားများကို ၂၀၁၄၊ ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၃နှင့် ၂၀၂၆ခုနှစ်များအလိုက် လျော့ချသွားမည်ဖြစ်ပါသည်။

အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ (AANZFTA)

အာဆီယံ-သြစတြေးလျ-နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ (AANZFTA) ကို ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်သက်ဝင်ဆောင်ရွက်ခဲ့ပြီး သဘောတူညီချက်အရ  မြန်မာနိုင်ငံသည် ကုန်စည်အလိုက် အကောက်ခွန်နှုန်းထားများကို ၂၀၁၁၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉နှင့် ၂၀၂၁ ခုနှစ်များအလိုက် လျော့ချသွားမည်ဖြစ်ပါသည်။

အာဆီယံ-အိန္ဒိယအကောက်ခွန်လျော့ချမှုဇယား 

အာဆီယံ-ဟောင်ကောင်လွတ်လပ်သောကုန်သွယ်မှုဒေသ (AHKFTA)

အာဆီယံ-ဟောင်ကောင်လွတ်လပ်သောကုန်သွယ်မှုဒေသ (AHKFTA) ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့မှ စတင်သက်ဝင်ဆောင်ရွက်ခဲ့ပြီး သဘောတူညီချက်အရ မြန်မာနိုင်ငံသည် ကုန်စည်အလိုက် အကောက်ခွန်နှုန်းထား များကို ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄၊ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇၊ ၂၀၂၈၊ ၂၀၂၉၊ ၂၀၃၀၊၂၀၃၁၊ ၂၀၃၂၊ ၂၀၃၃၊ ၂၀၃၄၊ ၂၀၃၅၊ ၂၀၃၆၊ ၂၀၃၇၊ ၂၀၃၈ နှင့် ၂၀၃၉ ခုနှစ်များအလိုက် လျော့ချသွားမည်ဖြစ်ပါသည်။