မေးဖြေကဏ္ဍ


မေးခွန်းများ နှင့်အဖြေများ
  • question_answer အဏုမြူစွမ်းအင်ဦးစီးဌာနမှကြိုတင်ခွင့်ပြုချက်ရယူရန် မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသနည်း။
    ကြိုတင်ခွင့်ပြုချက်ရယူရန်ပုံစံတွင် မေးထားသောကွက်လပ်များအားဖြည့်၍ ပူးတွဲတွင် တောင်းထားသည့် စာရွက်စာတမ်းများတင်ပြရန်လိုအပ်ပါသည်။
  • question_answer အဏုမြူစွမ်းအင်ဦးစီးဌာနတွင် လိုင်စင်လျှောက်လွှာတင်ပါက ပြန်ကျရန် အချိန်မည်မျှ ကြာပါသနည်း။
    အဏုမြူစွမ်းအင်ဦးစီးဌာနတွင် လိုင်စင်တစ်ခါလျှောက်လျှင် ပြန်ကျရန် အနည်းဆုံး ရက်သတ္တပတ် (၁)ပတ် မှ အများဆုံး ရက်သတ္တပတ်(၂)ပတ် ကြာမည်ဖြစ်ပါသည်။
  • question_answer Flitches for Venner ၏အဓိပ္ပါယ်သတ်မှတ်ချက်ကို သိရှိလိုပါသည်။ (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန > သစ်တောဦးစီးဌာန)
    Flitches for Venner ဆိုသည်မှာ - - Quarter sawn ခွဲစိတ်နည်းအတိုင်းခွဲစိတ်ထားပြီး ညီညာဖြောင့်တန်းသည့်တုံးဖြစ်ရမည်။- ပတ်လွှဖြင့်ဖွင့်ထားသော အလျားလိုက်မျက်နှာပြင်များသည် ညီညာ၍ တုံးအစအဆုံးပေါ်လွင်နေရပါမည်။- ဘေးမျက်နှာပြင်နှစ်ခု အလျားအလိုက် ထိစပ်နေရာများတွင် လက်ယက်(Wane) အနည်းငယ်ပါရှိနိုင်ပါသည်။- ထိပ်ဝမျက်နှာပြင်နှစ်ဘက် Cross Cut Saw ထောင့်မှန်ကျ ညီညာစွာဖြတ်ထားရပါမည်။
  • question_answer ညွှန်ကြားရေးမှူးချုပ်မအားလပ်ခဲ့ပါက မည်သူ့ မှ စာရွက်စာတမ်းအား တာဝန်ယူ လက်မှတ်ထိုးခွင့်ရှိပါသနည်း? (Ministry of Education > Department of Research and Innovation > Division of Atomic Energy)
    ညွှန်ကြားရေးမှူးချုပ်တစ်ဦးတည်းသာလျှင် စာရွက်စာတမ်းအားလက်မှတ်ထိုးခွင့်ရှိပါသည်။
  • question_answer မိမိ၏လျှောက်လွှာအား အတည်ပြုမပြုကို မည်သို့သိနိုင်မည်နည်း?
    အဏုမြူစွမ်းအင်ဌာနမှ လျှောက်လွှာပိုင်ရှင်အား ဖုန်းဆက်အကြောင်းကြားပေးပါသည်။
  • question_answer ဓါတ်ရောင်ခြည်စွမ်းအင် ကာကွယ်ရေးအရာရှိလက်မှတ် မရှိရင် ဘယ်လိုစီမံဆောင်ရွက်ရမလဲ?
    အဏုမြူစွမ်းအင်ဌာနမှ ဦးစီးဖွင့်လှစ်သည့် ဓါတ်ရောင်ခြည်စွမ်းအင် ကာကွယ်ရေးသင်တန်းအား တက်ရောက်နိုင်ပါသည်။

arrow_backBack to FAQs