မေးဖြေကဏ္ဍ


သွင်းကုန်ဆိုင်ရာမေးခွန်းများ နှင့်အဖြေများ
  • question_answer လိုင်စင်ကျသည်ကို မည်သို့ သိရှိနိုင်ပါသနည်း။ ( အဏုမြူစွမ်းအင်ဦးစီးဌာန)
    လိုင်စင်ကျနေကြောင်း ဖုန်းဆက်အကြောင်းကြားပေးပါသည်။ လျှောက်ထားသူမှ ဖုန်းဆက်၍လည်းမေးမြန်းနိုင်ပါသည်။
  • question_answer အသားများတင်သွင်းခြင်းအတွက် မည်သည့်အချက်အလက်များတင်ပြရန်လိုအပ်ပါသနည်း။
    အဖြေ
  • question_answer အိမ်မွေးတိရစ္ဆာန်များတင်သွင်းခြင်းနှင့်တင်ပို့ခြင်းအတွက် မည်သည့်အချက်အလက်များလိုအပ်ပါသနည်း။
    အဖြေ
  • question_answer ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့/တင်သွင်းရန် ထောက်ခံချက်များ စတင်လျှောက်ထားခြင်းအတွက် မည်သည့်အချက်အလက်များ လိုအပ်ပါသနည်း။  (စက်မှုဝန်ကြီးဌာန > စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန)
    (က) လျှောက်ထားလိုသည့်ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင်တစ်ဦးဦးမှ မှတ်ပုံတင်မိတ္တူပူးတွဲကာ ကုမ္ပဏီ Letter Head ဖြင့် ညွှန်ကြားရေးမှူးချုပ်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်သို့ လိပ်မူ၍ လျှောက်ထားရပါမည်။ (ခ) ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့ တင်ပို့လိုပါက သတ်မှတ်ပုံစံ (၃) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ (ဂ) ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းလိုပါက သတ်မှတ်ပုံစံ (၄) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ (ဃ) ထိုသို့လျှောက်ထားရာတွင် အောက်ပါတို့ ပူးတွဲပါရှိရမည် - (၁) အရောင်းအဝယ်စာချုပ် မိတ္တူ (၂) Proforma Invoice  မိတ္တူ (Packaging Type, Amount/ Packaging တို့ပါရှိရပါမည်။) (၃) တင်ပို့/တင်သွင်းလိုသည့် ဓါတုပစ္စည်းအတွက် အသုံးပြုပုံ (၄) Form VI ၊ Form XXVI အပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲမိတ္တူ (၅) တင်ပို့/ တင်သွင်းလိုသည့် ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများအတွက် Manufacture ကုမ္ပဏီမှ ပြုစုပေးသော  Material Safety Data Sheet (MSDS) မှတ်ချက်။          ပူးတွဲပါ MSDS သည် မိတ္တူဖြစ်ပါက လျှောက်ထားသည့် ကုမ္ပဏီ၏ Seal တံဆိပ်နှင့် Managing Director လက်မှတ် ပါဝင်သော မိတ္တူမှန်  (Copyright) ဖြစ်ရပါမည်။ (၆) တင်ပို့/ တင်သွင်းလိုသည့် ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများ၏ ဓါတ်ခွဲစမ်းသပ်မှု Certificate of Analysis (COA) (င) MSDS ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအမည်သည် လျှောက်လွှာနှင့် Proforma Invoice  တို့တွင် ပါရှိသော ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအမည်နှင့် တူညီမှုရှိရပါမည်။ (စ) အထက်ပါ အချက်အလက်များပြည့်စုံ၊ မှန်ကန်မှုရှိပါက လျှောက်ထားသူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွဲအပ်ခံရသူဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည်။ (ဆ) တင်ပို့/ တင်သွင်းခွင့်လျှောက်ထားသည့် ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများ၏ ထောက်ခံချက် လာရောက်ထုတ်ယူရာတွင် လျှောက်ထားသူကိုယ်စား အခြားတစ်စုံတစ်ဦးမှ ထုတ်ယူမည်ဆိုပါက -             (၁) လျှောက်ထားသူမှ အဆိုပါပုဂ္ဂိုလ်အား ကိုယ်စားလှယ်လွှဲစာ (ပူးတွဲနမူနာ - က)             (၂) ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူတို့ ပါရှိရပါမည်။ မှတ်ချက်။          ။ တာဝန်ရှိအဖွဲ့အစည်းမှထောက်ခံချက် ထုတ်ပေးနိုင်ရေးအတွက် စိစစ်သောအခါ အချက်အလက်များ မပြည့်စုံမှု၊ လိုအပ်မှုများ ရှိနေခြင်းတို့ကို တွေ့ရှိ၍ အကြောင်းကြားပါက ထောက်ခံချက်ထုတ်ပေးရန် တာဝန်ရှိဌာနသို့ လျှောက်ထားသည့် ကုမ္ပဏီမှ လျှောက်လွှာနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်သည့် ဝန်ထမ်းတစ်ဦးလာရောက်ရမည်ဖြစ်ပါသည်။ ဆက်သွယ်ရန် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန စက်မှုဝန်ကြီးဌာန၊ ရုံအမှတ် (၃၀)၊ နေပြည်တော်။ ဖုန်း - ၀၆၇ ၄၀၉၃၃၆၊ ဖက်စ် - ၀၆၇ ၄၀၅၀၅၈ e-mail: [email protected]   မေးခွန်း(၂)         လျှောက်လွှာတင်လျှင် အချိန်မည်မျှ ကြာနိုင်သနည်း။ အဖြေ(၂)           အချက်အလက်ပြည့်စုံပါက (၃) ရက်ခန့်ကြာပါသည်။ ပူးတွဲနမူနာ (က) သို့             ညွှန်ကြားရေးမှူးချုပ်             စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန             စက်မှုဝန်ကြီးဌာန             နေပြည်တော် ရက်စွဲ။              ။         .           .         ၂၀၁၆ အကြောင်းအရာ။            ။ ကိုယ်စားလှယ်လွှဲအပ်ခြင်း ၁။         အထက်အကြောင်းအရာပါကိစ္စနှင့် စပ်လျဉ်း၍ ကျွန်တော်များ…………………….. ကုမ္ပဏီ/ အဖွဲ့အစည်းမှ /……………… (ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း၏အမည်) တင်သွင်း/ တင်ပို့ရန်အတွက် ကျွန်တော်များကုမ္ပဏီကိုယ်စား ဦး/ဒေါ်…………………၊ မှတ်ပုံတင်အမှတ်……………………….. ကိုင်ဆောင်သူအား အောက်တွင်ဖော်ပြထားသော လက်မှတ်နမူနာများဖြင့် ထောက်ခံချက် ထုတ်ယူရန်အတွက် ကိုယ်စားလှယ်လွှဲအပ်ပါသည်။ ၂။         ၎င်းကိုယ်စားမှ ထောက်ခံချက်ထုတ်ယူခြင်းနှင့် ပတ်သက်သည့်ကိစ္စအဝဝကို ကျွန်တော်များကုမ္ပဏီမှ တာဝန်ယူပါမည်ဟု ဝန်ခံကတိပြုပါသည်။             ကိုယ်စားလှယ်၏ထိုးမြဲလက်မှတ်နမူနာများ ၁။…………….      ၂။…………….       ၃။…………… လေးစားစွာဖြင့်                                       လျှောက်ထားသူ (Managing Director (or) Director) ၏ လက်မှတ် (Managing Director (or) Director) ၏ အမည်နှင့် Seal တံဆိပ်

arrow_backBack to FAQs