မေးဖြေကဏ္ဍ


  • question_answer လိုင်စင်ကျသည်ကို မည်သို့ သိရှိနိုင်ပါသနည်း။ ( အဏုမြူစွမ်းအင်ဦးစီးဌာန)
    လိုင်စင်ကျနေကြောင်း ဖုန်းဆက်အကြောင်းကြားပေးပါသည်။ လျှောက်ထားသူမှ ဖုန်းဆက်၍လည်းမေးမြန်းနိုင်ပါသည်။
  • question_answer အသားများတင်သွင်းခြင်းအတွက် မည်သည့်အချက်အလက်များတင်ပြရန်လိုအပ်ပါသနည်း။
    အဖြေ
  • question_answer အိမ်မွေးတိရစ္ဆာန်များတင်သွင်းခြင်းနှင့်တင်ပို့ခြင်းအတွက် မည်သည့်အချက်အလက်များလိုအပ်ပါသနည်း။
    အဖြေ
  • question_answer ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့/တင်သွင်းရန် ထောက်ခံချက်များ စတင်လျှောက်ထားခြင်းအတွက် မည်သည့်အချက်အလက်များ လိုအပ်ပါသနည်း။  (စက်မှုဝန်ကြီးဌာန > စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန)
    (က) လျှောက်ထားလိုသည့်ကုမ္ပဏီ၏ Managing Director သို့မဟုတ် Director အဖွဲ့ဝင်တစ်ဦးဦးမှ မှတ်ပုံတင်မိတ္တူပူးတွဲကာ ကုမ္ပဏီ Letter Head ဖြင့် ညွှန်ကြားရေးမှူးချုပ်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်သို့ လိပ်မူ၍ လျှောက်ထားရပါမည်။ (ခ) ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်ပသို့ တင်ပို့လိုပါက သတ်မှတ်ပုံစံ (၃) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ (ဂ) ဓါတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းလိုပါက သတ်မှတ်ပုံစံ (၄) ဖြင့် လျှောက်ထားရမည် ဖြစ်ပါသည်။ (ဃ) ထိုသို့လျှောက်ထားရာတွင် အောက်ပါတို့ ပူးတွဲပါရှိရမည် - (၁) အရောင်းအဝယ်စာချုပ် မိတ္တူ (၂) Proforma Invoice  မိတ္တူ (Packaging Type, Amount/ Packaging တို့ပါရှိရပါမည်။) (၃) တင်ပို့/တင်သွင်းလိုသည့် ဓါတုပစ္စည်းအတွက် အသုံးပြုပုံ (၄) Form VI ၊ Form XXVI အပါအဝင် ကုမ္ပဏီမှတ်ပုံတင်တွဲမိတ္တူ (၅) တင်ပို့/ တင်သွင်းလိုသည့် ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများအတွက် Manufacture ကုမ္ပဏီမှ ပြုစုပေးသော  Material Safety Data Sheet (MSDS) မှတ်ချက်။          ပူးတွဲပါ MSDS သည် မိတ္တူဖြစ်ပါက လျှောက်ထားသည့် ကုမ္ပဏီ၏ Seal တံဆိပ်နှင့် Managing Director လက်မှတ် ပါဝင်သော မိတ္တူမှန်  (Copyright) ဖြစ်ရပါမည်။ (၆) တင်ပို့/ တင်သွင်းလိုသည့် ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများ၏ ဓါတ်ခွဲစမ်းသပ်မှု Certificate of Analysis (COA) (င) MSDS ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအမည်သည် လျှောက်လွှာနှင့် Proforma Invoice  တို့တွင် ပါရှိသော ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအမည်နှင့် တူညီမှုရှိရပါမည်။ (စ) အထက်ပါ အချက်အလက်များပြည့်စုံ၊ မှန်ကန်မှုရှိပါက လျှောက်ထားသူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွဲအပ်ခံရသူဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည်။ (ဆ) တင်ပို့/ တင်သွင်းခွင့်လျှောက်ထားသည့် ဓါတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းများ၏ ထောက်ခံချက် လာရောက်ထုတ်ယူရာတွင် လျှောက်ထားသူကိုယ်စား အခြားတစ်စုံတစ်ဦးမှ ထုတ်ယူမည်ဆိုပါက -             (၁) လျှောက်ထားသူမှ အဆိုပါပုဂ္ဂိုလ်အား ကိုယ်စားလှယ်လွှဲစာ (ပူးတွဲနမူနာ - က)             (၂) ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူတို့ ပါရှိရပါမည်။ မှတ်ချက်။          ။ တာဝန်ရှိအဖွဲ့အစည်းမှထောက်ခံချက် ထုတ်ပေးနိုင်ရေးအတွက် စိစစ်သောအခါ အချက်အလက်များ မပြည့်စုံမှု၊ လိုအပ်မှုများ ရှိနေခြင်းတို့ကို တွေ့ရှိ၍ အကြောင်းကြားပါက ထောက်ခံချက်ထုတ်ပေးရန် တာဝန်ရှိဌာနသို့ လျှောက်ထားသည့် ကုမ္ပဏီမှ လျှောက်လွှာနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်သည့် ဝန်ထမ်းတစ်ဦးလာရောက်ရမည်ဖြစ်ပါသည်။ ဆက်သွယ်ရန် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန စက်မှုဝန်ကြီးဌာန၊ ရုံအမှတ် (၃၀)၊ နေပြည်တော်။ ဖုန်း - ၀၆၇ ၄၀၉၃၃၆၊ ဖက်စ် - ၀၆၇ ၄၀၅၀၅၈ e-mail: [email protected]   မေးခွန်း(၂)         လျှောက်လွှာတင်လျှင် အချိန်မည်မျှ ကြာနိုင်သနည်း။ အဖြေ(၂)           အချက်အလက်ပြည့်စုံပါက (၃) ရက်ခန့်ကြာပါသည်။ ပူးတွဲနမူနာ (က) သို့             ညွှန်ကြားရေးမှူးချုပ်             စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန             စက်မှုဝန်ကြီးဌာန             နေပြည်တော် ရက်စွဲ။              ။         .           .         ၂၀၁၆ အကြောင်းအရာ။            ။ ကိုယ်စားလှယ်လွှဲအပ်ခြင်း ၁။         အထက်အကြောင်းအရာပါကိစ္စနှင့် စပ်လျဉ်း၍ ကျွန်တော်များ…………………….. ကုမ္ပဏီ/ အဖွဲ့အစည်းမှ /……………… (ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်း၏အမည်) တင်သွင်း/ တင်ပို့ရန်အတွက် ကျွန်တော်များကုမ္ပဏီကိုယ်စား ဦး/ဒေါ်…………………၊ မှတ်ပုံတင်အမှတ်……………………….. ကိုင်ဆောင်သူအား အောက်တွင်ဖော်ပြထားသော လက်မှတ်နမူနာများဖြင့် ထောက်ခံချက် ထုတ်ယူရန်အတွက် ကိုယ်စားလှယ်လွှဲအပ်ပါသည်။ ၂။         ၎င်းကိုယ်စားမှ ထောက်ခံချက်ထုတ်ယူခြင်းနှင့် ပတ်သက်သည့်ကိစ္စအဝဝကို ကျွန်တော်များကုမ္ပဏီမှ တာဝန်ယူပါမည်ဟု ဝန်ခံကတိပြုပါသည်။             ကိုယ်စားလှယ်၏ထိုးမြဲလက်မှတ်နမူနာများ ၁။…………….      ၂။…………….       ၃။…………… လေးစားစွာဖြင့်                                       လျှောက်ထားသူ (Managing Director (or) Director) ၏ လက်မှတ် (Managing Director (or) Director) ၏ အမည်နှင့် Seal တံဆိပ်

See More


  • question_answer အကယ်၍ ညွှန်ကြားရေးမှူးချုပ်မှ လက်မှတ်မထိုးနိုင်ပါက ညွှန်ကြားရေးမှူးချုပ်ကိုယ်စား လက်မှတ်ထိုးပေးမည့်သူထား ထားပါသလား။( အဏုမြူစွမ်းအင်ဦးစီးဌာန )
    လိုင်စင်အားလုံးကို ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် လက်မှတ်ထိုးသည်ဖြစ်၍ ကိုယ်စားထိုးပေးမည့်သူမရှိပါ။
  • question_answer ပြည်ပသို့ သစ်တင်ပို့လိုပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိလိုပါသည်။ (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန > သစ်တောဦးစီးဌာန)
    ပြည်ပသို့တင်ပို့လိုသောသစ်များသည် မြန်မာ့သစ်လုပ်ငန်းမှ နိုင်ငံခြားငွေ(သို့) ပြည်တွင်းသုံးကျပ်ငွေတို့ဖြင့် ရောင်းချခဲ့သောအိတ်ဖွင့်တင်ဒါမှ ဝယ်ယူရရှိသည့် သစ်လုံး၊သစ်ခွဲသားများကို ပြန်လည်ခွဲစိတ်ပြုပြင် ထားသည့် အချောထည်များ ဖြစ်ရပါမည်။ ၎င်းပစ္စည်းများကိုပြည်ပသို့ တင်ပို့လိုပါက ပါဝင်ရမည့်အချက်အလက်များ၊ စာရွက်စာတမ်းများနှင့်အတူ ဘုရင့်နောင်လမ်း၊ အနောက် ကြို့ကုန်း အင်းစိန်မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီးဌာန ပြည်ပပို့သစ်တောထွက်ပစ္စည်းများ စိစစ်ထောက်ခံရေးအဖွဲ့ရုံးသို့လာရောက်လျှောက်ထားရပါမည်။
  • question_answer ပြည်ပသို့တင်ပို့ခွင့်မရှိသည့်ပစ္စည်းအမျိုးအမည်များကို သိလိုပါသည်။ (
    ပြည်ပသို့ ကျွန်း၊သစ်မာ သစ်လုံးများ Baulks Square နှင့် Boule Cut Log များနှင့် ကျွန်း၊သစ်မာ ဓားရွှေများကို တင်ပို့ခွင့်မရှိဘဲ အချောထည်အဖြစ် ခွဲစိတ်ပြုပြင်ထုတ်လုပ်ပြီးမှသာ တင်ပို့ခွင့်ရှိပါသည်။ (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန > သစ်တောဦးစီးဌာန)
  • question_answer ပြည်ပသို့တင်ပို့ခွင့်ရှိသော သစ်များအတွက် ပြေစာသက်တမ်းသတ်မှတ်ချက်ကို သိလိုပါသည်။ (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန > သစ်တောဦးစီးဌာန)
    မြန်မာ့သစ်လုပ်ငန်းမှ ရောင်းချပေးထားသည့် သစ်နှင့် သစ်တောထွက်ပစ္စည်းများ၏ ပြေစာသက်တမ်းကို ကျွန်းနှင့် အုပ်စု (၁) သစ်မျိုးများအတွက် ပြေစာပေါ်တွင် ဖော်ပြထားသော ရောင်းချသည့်နေ့ရက်မှ (၅) နှစ်အတွင်း၊ အုပ်စု(၂) နှင့် အခြားသစ်များအတွက် ရောင်းချသည့်နေ့ရက်မှ (၃) နှစ်အတွင်း သက်တမ်းသတ်မှတ်ထားပါသည်။
  • question_answer သစ်မျိုးအလိုက် ခွဲသားထွက်ရှိမှု ရာခိုင်နှုန်းကို သိလိုပါသည်။
    သစ်တောဦးစီးဌာန၏ (၂၁.၈.၂၀၁၃) ရက်စွဲပါ စာအမှတ်- လင/အခ/၀၀၂၄၉/(၁၈၀၃၉-၅၀/၂၀၁၃)နှင့်(၈.၈.၂၀၁၄) ရက်စွဲပါ စာအမှတ်-လင/အခ/၀၀၂၅/(၁၀၇၇၉-၉၆/၂၀၁၄) တို့အရ သစ်မျိုးအလိုက် ခွဲသားထွက်ရှိမှု ရာခိုင်နှုန်းသတ်မှတ်ထားပါသည်။(ရည်ညွှန်းစာများပူးတွဲ အမှတ်စဥ် ၉ မှ ၁၀ ထိ)
  • question_answer ဝန်ကြီးရုံးခွဲသားထွက်ရှိမှု ရာခိုင်နှုန်းထက် ပိုမိုထွက်ရှိနိုင်ပါက မည်သို့ဆောင်ရွက်ရမည်ကိုသိလိုပါသည်။
    ဝန်ကြီးရုံးခွဲသားထွက်ရှိမှု ရာခိုင်နှုန်းထက် ပိုမိုထွက်ရှိနိုင်ပါက သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်း ပူးပေါင်းအဖွဲ့ဖြင့် ကြီးကြပ်ခွဲစိတ်ရန်အတွက် သစ်တောဦးစီးရုံးချုပ်သို့တင်ပြ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပါသည်။
  • question_answer အိတ်ဖွင့်တင်ဒါမဟုတ်ဘဲ မြန်မာ့သစ်လုပ်ငန်းမှ မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိထားသော သစ်လုံး၊ သစ်ခွဲသားများ ပြည်ပတင်ပို့လိုပါက မည်သို့ဆောင်ရွက်ရမည်နှင့် ၎င်းသစ်ခွဲသားများ၏ ထွက်ရှိရာခိုင်နှုန်းကိုလည်း မည်သို့ခွင့်ပြုကြောင်းသိရှိလိုပါသည်။  (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန > သစ်တောဦးစီးဌာန)
    အိတ်ဖွင့်တင်ဒါမဟုတ်ဘဲ မြန်မာ့သစ်လုပ်ငန်းမှ မြန်မာကျပ်ငွေဖြင့် ဝယ်ယူရရှိထားသော သစ်လုံး၊ သစ်ခွဲသားများ ပြည်ပတင်ပို့လိုပါက သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးသို့ တင်ပြ၍ ခွင့်ပြုချက်တောင်းခံ ဆောင်ရွက်ရပါသည်။

See More


  • question_answer အဏုမြူစွမ်းအင်ဦးစီးဌာနမှကြိုတင်ခွင့်ပြုချက်ရယူရန် မည်သည့်စာရွက်စာတမ်းများလိုအပ်ပါသနည်း။
    ကြိုတင်ခွင့်ပြုချက်ရယူရန်ပုံစံတွင် မေးထားသောကွက်လပ်များအားဖြည့်၍ ပူးတွဲတွင် တောင်းထားသည့် စာရွက်စာတမ်းများတင်ပြရန်လိုအပ်ပါသည်။
  • question_answer အဏုမြူစွမ်းအင်ဦးစီးဌာနတွင် လိုင်စင်လျှောက်လွှာတင်ပါက ပြန်ကျရန် အချိန်မည်မျှ ကြာပါသနည်း။
    အဏုမြူစွမ်းအင်ဦးစီးဌာနတွင် လိုင်စင်တစ်ခါလျှောက်လျှင် ပြန်ကျရန် အနည်းဆုံး ရက်သတ္တပတ် (၁)ပတ် မှ အများဆုံး ရက်သတ္တပတ်(၂)ပတ် ကြာမည်ဖြစ်ပါသည်။
  • question_answer Flitches for Venner ၏အဓိပ္ပါယ်သတ်မှတ်ချက်ကို သိရှိလိုပါသည်။ (သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန > သစ်တောဦးစီးဌာန)
    Flitches for Venner ဆိုသည်မှာ - - Quarter sawn ခွဲစိတ်နည်းအတိုင်းခွဲစိတ်ထားပြီး ညီညာဖြောင့်တန်းသည့်တုံးဖြစ်ရမည်။- ပတ်လွှဖြင့်ဖွင့်ထားသော အလျားလိုက်မျက်နှာပြင်များသည် ညီညာ၍ တုံးအစအဆုံးပေါ်လွင်နေရပါမည်။- ဘေးမျက်နှာပြင်နှစ်ခု အလျားအလိုက် ထိစပ်နေရာများတွင် လက်ယက်(Wane) အနည်းငယ်ပါရှိနိုင်ပါသည်။- ထိပ်ဝမျက်နှာပြင်နှစ်ဘက် Cross Cut Saw ထောင့်မှန်ကျ ညီညာစွာဖြတ်ထားရပါမည်။
  • question_answer ညွှန်ကြားရေးမှူးချုပ်မအားလပ်ခဲ့ပါက မည်သူ့ မှ စာရွက်စာတမ်းအား တာဝန်ယူ လက်မှတ်ထိုးခွင့်ရှိပါသနည်း? (Ministry of Education > Department of Research and Innovation > Division of Atomic Energy)
    ညွှန်ကြားရေးမှူးချုပ်တစ်ဦးတည်းသာလျှင် စာရွက်စာတမ်းအားလက်မှတ်ထိုးခွင့်ရှိပါသည်။
  • question_answer မိမိ၏လျှောက်လွှာအား အတည်ပြုမပြုကို မည်သို့သိနိုင်မည်နည်း?
    အဏုမြူစွမ်းအင်ဌာနမှ လျှောက်လွှာပိုင်ရှင်အား ဖုန်းဆက်အကြောင်းကြားပေးပါသည်။
  • question_answer ဓါတ်ရောင်ခြည်စွမ်းအင် ကာကွယ်ရေးအရာရှိလက်မှတ် မရှိရင် ဘယ်လိုစီမံဆောင်ရွက်ရမလဲ?
    အဏုမြူစွမ်းအင်ဌာနမှ ဦးစီးဖွင့်လှစ်သည့် ဓါတ်ရောင်ခြည်စွမ်းအင် ကာကွယ်ရေးသင်တန်းအား တက်ရောက်နိုင်ပါသည်။

See More