သတင်းလွှာအမှတ်၊ ၁၀/၂၀၂၀ (ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်း များနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များ)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ရွှေ၊ လက်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ် သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့/တင်သွင်းခွင့်ပြုခြင်းနှင့်စပ် လျဉ်း၍ အဆိုပါ ပစ္စည်းများ တင်ပို့/တင်သွင်းခြင်းကို အကြောင်းပြုကာ တရားမဝင်သောနည်း လမ်းဖြင့် ရရှိသည့်ငွေကြေးများ ဝင်ရောက်နိုင်ခြင်းမရှိစေရန် ရည်ရွယ်၍ လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်များကို အမိန့်ကြော်ငြာစာအမှတ် ၁၀/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ ယင်းအမိန့် ကြော်ငြာစာအမှတ်အရ အဆိုပါပစ္စည်းများ တင်ပို့/တင်သွင်းရာတွင် တင်ပို့/တင်သွင်းခွင့်လိုင် စဉ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ခွင့်ပြုထားသည့် နိုင်ငံခြားငွေကြေးဖြင့်သာ Letter of Credit (L/C) စနစ်ဖြင့်သာ ဤသတင်းလွှာအမှတ် ထုတ်ပြန်သည့်နေ့မှစ၍ ခွင့်ပြုသွား မည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

  • အဖွဲ့အစည်း ကုန်သွယ်ရေးဦးစီးဌာန
  • ကဏ္ဍ Import/Export

file_downloadဒေါင်းလုပ်

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၇/၂၀၁၈ (ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများအား တင်ပို့/သွင်းခွင့်ပြုခြင်း) Myanmar 4.16MB file_downloadဒေါင်းလုပ်