ဥရောပသမဂ္ဂသို့တင်ပို့မည့်ပေါင်းစပ်ထုတ်ကုန်များ (Composite Products) အတွက်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များစတင်အသက်ဝင်မည့်ကိစ္စ

ဥရောပသမဂ္ဂသို့ပေါင်းစပ်ထုတ်ကုန်များ (Composite Products) တင်ပို့ခြင်းအတွက်အများ ပြည်သူကျန်းမာရေးဆိုင်ရာလိုအပ်ချက်များသည် ၂၁-၄-၂၀၂၁ မှ စတင်၍သက်ရောက်မှုရှိမည်ဖြစ် ကြောင်း၊ အဆိုပါ ထုတ်ကုန်များဥရောပသမဂ္ဂအတွင်းသို့ ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သော အများပြည်သူဆိုင်ရာကျန်းမာရေးလိုအပ်ချက်များ၏ အကျဉ်းချုပ်ဖော်ပြချက်၊ ပေါင်းစပ်ထုတ်ကုန်များ (Composite Products) ဥရောပသမဂ္ဂသို့ဝင်ရောက်ခြင်းဆိုင်ရာဆုံးဖြတ်မှုပုံစံ (Decision Tree) တို့ကို ပူးတွဲလျက် ဥရောပကော်မရှင်၏ ကျန်းမာရေးနှင့်အစားအသောက် ဘေးကင်းလုံခြုံမှုဌာနမှ ဥရောပ သမဂ္ဂသို့ အသားထွက်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ(သို့မဟုတ်) ဥများတင်ပို့ခွင့်ရှိသည့် အီးယူပြင်ပနိုင်ငံများအားလုံး၏ သံရုံးများသို့ ၁၁.၁၂.၂၀၁၉ နေ့စွဲပါစာဖြင့်ပေးပို့လာခြင်းအား ပို့ကုန်လုပ်ငန်းရှင်များသိရှိနိုင်ပါရန် ပူးတွဲပါအတိုင်း ဖော်ပြအပ်ပါသည်။

  • အဖွဲ့အစည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
  • ကဏ္ဍ

file_downloadဒေါင်းလုပ်