အကြောင်းအရာ

မြန်မာ့ကုန်သွယ်မှုဘဏ္ဍာတိုက်သည် မြန်မာနိုင်ငံမှ တင်သွင်း/တင်ပို့လုပ်ငန်းများနှင့်ဆက်စပ်သော သတင်းအချက်အလက်များအားလုံး တစ်နေရာတည်းတွင် စုစည်းထား ခြင်းဖြစ်ပါသည်။ တင်သွင်း/ တင်ပို့ခြင်း လုပ်ငန်းစဉ်များတွင်ပါဝင်သည့် အစိုးရဌာနများ အဖွဲ့အစည်းများအားလုံး၏ကိုယ်စား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ၎င်းကုန်သွယ်မှုဘဏ္ဍာတိုက်တွင် ကုန်သည်များနှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများကို စိတ်ဝင်စားသော အခြားမည်သူမဆို ကုန်သွယ်မှုပြုရာတွင်လိုအပ်သည့် ဆောင်ရန်/ ရှောင်ရန်များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို အချက်အလက်များ လွယ်လွယ် ကူကူသိရှိနိုင်မည်ဖြစ်ပါသည်။
လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများတွင် အစိုးရဌာနများနှင့်အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသည့်အချက်အလက်များစွာပါဝင်ပါသည်။ ဤသတင်းအချက်အလက် ကွန်ယက်သည် သင့်လုပ်ငန်းအတွက်လိုအပ်သည့် သက်ဆိုင်ရာဌာနတစ်ခုချင်းစီမှ လိုအပ်သည့်သတင်းအချက်အလက်များကို သင့်အားကူညီပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ ပိုမိုအသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကိုယ်ပိုင် website များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။