ပြည်နှမ်းဈေးကွက်တွင် ဈေးအတက်အကျ မမှန်သော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်နေ

ပြည်ဈေးကွက်တွင် ယခုရက်ပိုင်း၌ နှမ်းဈေးမှာ အတက်အကျ မမှန်သော်လည်း အရောင်းအဝယ်ဖြစ် လျက်ရှိ ပါတယ်။ နွေနှမ်းများစိုက်ပျိုးနေချိန်ဖြစ်၍ နှမ်းအဝင်နည်းသွားသော်လည်း လှောင်နှမ်းများကြောင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက် ရှိပါတယ်။
ဆီစက်သမားများက ဆီကြိတ်ရန် နှမ်းနီကို အဝယ်ရှိခြင်း၊ နှမ်းနက်နှင့် စမုံနက်နှမ်းကို ဝယ်လက်များကအဝယ်ရှိသော်လည်း ပစ္စည်းလက်ကျန်နည်း၍ တစ်နေ့လျှင် အိတ် ၃၀ဝ ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။   နှမ်းနီဈေးမှာ တစ်တင်းလျှင် ၂၃၀ဝ၀ ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ်နှင့် စမုံနက် နှမ်းတစ်တင်းလျှင် ၅၃၀ဝ၀ ကျပ်ဈေးရှိသလို နှမ်းနီဆီဈေးမှာ တစ်ပိဿာလျှင် ၄၅၀ဝ ကျပ်နှင့် နှမ်းဆီရိုးရိုး တစ်ပိဿာလျှင် ၄၃၀ဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ ဈေးမြင့် နေတာတွေ့ရပါတယ်။
 ဝေဝေမင်း-ပြည်

Agency Ministry of Foreign Affairs
Category General