နှစ်သစ်ကူးအလွန် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက် ပုံမှန်အရောင်းအဝယ်ဖြစ်

နှစ်သစ်ကူးကာလအလွန် မုံရွာ ကုန်စည်ဒိုင် ပဲဈေးကွက်မှာExport  ဝယ်လက်၊  လုပ်ငန်းသုံးဝယ်လက်နဲ့ ပဲ လက်လီဝယ်လက်တွေ သက်ဝင်စုံညီစွာ နဲ့ အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
Export  အတွက် ရန်ကုန်ဝယ် လက်တွေ ပုံမှန်အဆွဲရှိခဲ့လို့ ပဲစင်းငုံနီ၊ မတ်ပဲနဲ့ပဲတီစိမ်းတို့ ဈေးဆက်လက်မာ ခဲ့ရာ ယခုတစ်ပတ်မှာ  ငုံနီတစ်တင်း ၄၉၇၀ဝ ကျပ်၊ မတ်ပဲတစ်တင်း ၅၃၅၀ဝ ကျပ်နဲ့ စိမ်းကြီးတစ်တင်း ၃၅၀ဝ၀ ကျပ် အထိ ပေါက်ဈေးအမြင့်ဆုံးဖြစ်ပေါ်ခဲ့ ပြီး တစ်ရက်လျှင် ငုံနီအိတ် ၁၅၀ဝ ခန့်၊ မတ်ပဲအိတ် ၃၀ဝ ခန့်နဲ့ စိမ်းကြီးအိတ် ၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။
ငုံနီအနေနဲ့  ဒေသခံကုန်သည် လှောင်လက်တွေဆီမှာ ပဲလက်ကျန်ရှိ သလို တောင်သူတွေထံမှာလည်း လက် ကျန်ရှိနေပြီး၊ ပဲမပေါ်ခင်ကာလ ကြိုပွိုင့် ဈေး ၅၀ဝ၀ဝ ကျပ်အထက်မျှော်မှန်းကာ ပစ္စည်းထိန်းနေဆဲလို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။   ပဲတီစိမ်းဈေးကွက်မှာတော့ မုံရွာနဲ့  ချောင်းဦးနယ်တွေက ရေသွင်း ပဲတွေ အသစ်ပေါ်စပြုပြီး ဈေးကွက်ထဲ စတင်ဝင်ရောက်နေသလို ဝယ်လိုအားကောင်းနေတယ်လို့သိရပါတယ်။
ကုလားပဲ  ဈေးကွက်မှာတော့ Export      မျှော်လင့်ချက်ကြောင့် ရန်ကုန်ဝယ်လက်အဝယ်နဲ့ မန္တလေး- မုံရွာပဲခွဲစက်၊  ကြာဆံစက်သမားတွေ မရှိမဖြစ်လုပ်ငန်းသုံး အဝယ်ပုံမှန်ရှိခဲ့ ပြီး၊ ပဲလက်လီပါ ဝယ်လိုအားကောင်းနေ တာမို့ ဈေးဆက်လက်မာနေရာ V2  တစ်တင်း ၃၉၅၀ဝ ကျပ်၊ ထိုင်ဝမ်တစ် တင်း ၃၆၃၀ဝ ကျပ်နဲ့ 929 တစ်တင်း ၃၇၀ဝ၀ ကျပ် အသီးသီးအမြင့်ဆုံးဈေး ပေါက်ခဲ့တာ တွေ့ရပါတယ်။
ကြာဆံအတွက်    မရှိမဖြစ်ကုန် ကြမ်းဖြစ်သလို  ပြည်တွင်းပဲလက်လီ အဝယ်ပုံမှန်ရှိတဲ့ စွန်တာနီမှာ တစ်တင်း ၁၅၀ဝ၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး လှောင် လက်နဲ့ ကုန်ကြမ်းအဝယ်ကြောင့် တစ် ရက်အိတ် ၅၀ဝ ခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့သိရပါတယ်။ ယခုရက် ပိုင်း ဒေသတွင်းပွဲတော်တွေများပြားခဲ့လို့ အလှော်၊ အကြော်လိုင်းက အဆွဲများ တဲ့အတွက်   ပဲကြီးဈေးအနည်းငယ် မြောက်လာကာ တစ်တင်း ၂၇၅၀ဝ ကျပ်ပေါက်ဈေးဖြစ်ပေါ်ခဲ့တယ်။
ကျန်ပဲလက်လီတွေအနေနဲ့  ယခု တစ်ပတ်မှာ   ထောပတ်ပဲတစ်တင်း ၁၂၀ဝ၀ ကျပ်၊ ပဲပုပ်တစ်တင်း ၁၉၀ဝ၀ ကျပ်၊ ပုဂံပဲတစ်တင်း ၁၆၅၀ဝ ကျပ်၊ မြေ ထောက်ပဲတစ်တင်း  ၁၈၂၀ဝ ကျပ်နဲ့ ပဲယင်း(ဝါ) တစ်တင်း ၁၅၀ဝ၀ အသီး သီး  ပေါက်ဈေးငြိမ်နေကာ  အရောင်း အဝယ်ပုံမှန်ဖြစ်လျက်ရှိတယ်လို့ ကုန် စည်ဒိုင်ရပ်ကွက်က   လေ့လာသိရှိရပါ တယ်။                      
     ထွန်းလှိုင်-မုံရွာ
 

Agency Ministry of Foreign Affairs
Category General