မူဆယ်ကုန်သွယ်ရေးဇုန်မှ နှမ်းလျော့နည်းတင်ပို့

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီ ၁ ရက်မှ ၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၇၄ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၂၄၃၈ တန်ကျော် တင်ပို့ခဲ့ပါတယ်။
စခန်းအလိုက်တင်ပို့မှုမှာ  မူဆယ်မှ နှမ်းဖြူ (အခွံချွတ်) ၁၇ တန်ခွဲနဲ့ ချင်းရွှေဟော်မှ နှမ်းနက် ၁၈၀၃ တန်ကျော်၊ နှမ်းဖြူ ၆၀၂ တန်၊ နှမ်းညို ၁၅ တန်ကျော်ဖြစ်ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှ နှမ်းဖြူ (အခွံချွတ်) ၅၄ တန်နဲ့ ချင်း ရွှေဟော်မှ နှမ်းဖြူ၊ နှမ်းနက် ၂၅၅၂ တန် ကျော် စုစုပေါင်း တန်ချိန် ၂၆၀၆ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် တရုတ်နယ်စပ်မှ နှမ်းတန်ချိန် ၁၆၇ တန်ကျော် လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။
မူဆယ်ကုန်စည်ဒိုင်ရဲ့ နှမ်းဈေးကတော့ ဒီဇင်ဘာနောက် ဆုံးပတ်မှာ နှမ်းဖြူတစ်တန် ၁၃၂၃၀၇၇ ကျပ်၊ နှမ်းနက်တစ် တန် ၂၄၇၆၉၂၃ ကျပ်ရှိရာမှ ဇန်နဝါရီပထမပတ်တွင် နှမ်းဖြူ တစ်တန် ၁၃၁၅၄၈၈ ကျပ်နဲ့ နှမ်းနက်တစ်တန် ၂၄၆၂၇၁၅ ကျပ်သို့ ဈေးကျဆင်းခဲ့ပါတယ်။
နှမ်းကို တရုတ်နိုင်ငံမှ တရားဝင်တင်သွင်းခွင့်ပြုထားပြီး တစ်ဖက်သတ် အခွန်ကင်းလွတ်ခွင့်ပေးထားတဲ့ ပို့ကုန်ပစ္စည်း ဖြစ်ခြင်း၊ ချင်းရွှေဟော်ဘက်မှ  နှမ်းတင်ပို့မှုအတွက် ပေး ဆောင်ရတဲ့ ဒေသအခွန်တန်ဖိုးမှာ မူဆယ်-ကျယ်ဂေါင် ဝင် ပေါက်မှ  တင်ပို့တဲ့အခွန် တန်ဖိုးထက်သက်သာခြင်း၊ နှမ်း ဈေးကွက်ရှိရာ ကူမင်းမြို့သည် ချင်းရွှေဟော်စခန်းမှ တင်ပို့ ပါက လမ်းခရီးတိုခြင်း၊ လမ်းခရီးသာခြင်းတို့ကြောင့် ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ နှမ်းတင်ပို့မှုများပြီး မူဆယ် နယ်စပ် စခန်းမှ  တင်ပို့မှု  လျော့နည်းရခြင်းဖြစ်ကြောင်း  မူဆယ် ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။        မော်မော်အောင်
 

Agency Ministry of Foreign Affairs
Category General