ပြည်တွင်းရွှေဈေး တစ်ပတ်အတွင်း ကျပ်တစ်သောင်းကျော် မြင့်တက်

ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ပြန်လည်မြင့်တက်လာခဲ့ ပြီး ကျပ် ၁၃၀ဝ၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းမြင့်တက်လာသည့်နည်းတူ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့သဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်သည် ဟု ရွှေကုန်သည်များက သုံးသပ်လျက်ရှိသည်။
]]ဒီတစ်ပတ်ထဲမှာ ကမ္ဘာ့ရွှေဈေးကလည်း မြင့်တက်လာတယ်။ ပြည်တွင်းက ငွေလဲနှုန်းကလည်း လိုက်ပြီးမြင့်တက်လာတော့ ပြည်တွင်းရွှေဈေးက မြင့်တက် လာတာပါ။ ရွှေဈေးမြင့်တက်လာပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်း ပါပဲ။ ဈေးမြင့်တက်လာတဲ့အတွက် ဒုံးသမားတွေ အဝယ်လိုက်လာတယ်။ ဈေး ဆက်တက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ဝယ်ကြတာပါ။ ဒေါ်နယ်ထရမ့်က သမ္မတ ဖြစ်တော့မယ်ဆိုတော့ ကမ္ဘာ့ရွှေဈေး ထပ်မြင့်တက်လာမလားဆိုပြီး မျှော်လင့်ကြ တာပါ။ ဒါကတော့ ကံသေ ကံမပြောလို့မရပါဘူး}}ဟု ရွှေကုန်သည် ဦးစံမြင့်က သုံးသပ်ပြောကြားခဲ့သည်။
ပြည်တွင်းရွှေဈေးများသည် ဇန်နဝါရီ ၉ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၈၅၁၅၀ဝ ရှိခဲ့ရာမှ ဇန်နဝါရီ ၁၁ ရက်တွင် ကျပ် ၈၅၉၀ဝ၀ သို့ မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၁၃ ရက်တွင် ကျပ် ၈၆၅၀ဝ၀ သို့ မြင့်တက်ခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၉ ရက် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၇၅ ရှိခဲ့ရာမှ ဇန်နဝါရီ  ၁၃ ရက်တွင် အမေရိကန်ဒေါ်လာ ၁၁၉၅ သို့မြင့်တက် ခဲ့သည်။                                                         
 

Agency Ministry of Foreign Affairs
Category General