ပြည်ဈေးကွက်သို့ နယ်စုံမှ ပဲလွန်းဖြူ ဝင်ရောက်လာပြီး လက်လီအရောင်းအဝယ်သွက်

ပြည်ပဲဈေးကွက်သို့  ပဲလွန်းဖြူသီးနှံသစ်များ ဆက်လက်ဝင်ရောက် နေခဲ့တာကိုတွေ့ရပါတယ်။ ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက်ခဲ့သလိုသာယာဝတီခရိုင်၊ မိုးညှင်းနဲ့ဟင်္သာတ၊  အောင်လံမြို့နယ်များမှလည်း  ပဲသစ်များ နေ့စဉ်ဝင်ရောက်နေခြင်းဖြစ်ကာ လက်လီဝယ်လက်များ အဝယ်သွက်နေခဲ့ တယ်လို့လည်းသိရပါတယ်။  ပဲဈေးနှုန်းမှာ ပဲအရည်အသွေးပေါ်လိုက်ပြီး ကွာခြားမှုရှိတာကြောင့် ပဲတစ်တင်းလျှင် ကျပ် ၂၂၀ဝ၀ မှ ကျပ် ၂၇၀ဝ၀ အကြား ရရှိခဲ့လို့ ဈေးမြင့်တာလာခြင်းမျိုးမရှိဘဲ လဆန်းရက်ကဈေးအတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။  ယခင်နှစ်ကလည်း နှစ်ဆန်းပိုင်းဈေးမှာ တစ်တင်း ကျပ် ၂၇၅၀ဝ သာရရှိခဲ့လို့ ယခုနှစ်ဈေးကလည်း ကျပ် ၂၇၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့တဲ့အတွက်  အခြားပဲများကဲ့သို့ ဈေးအတက် အကျသိပ်မဖြစ်ခဲ့ဘဲ ဈေးငြိမ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ခင်ဆွေဝင်း
 

Agency Ministry of Foreign Affairs
Category General