ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးကောက်စောစပါးသစ်များ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းကာ အရောင်းအဝယ်အေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးကောက်စောစပါးသစ်ဈေးမှာ မြို့နယ်စုံတွင် ၄၆ပေါင်တင်း ၁၀ဝကို ပျမ်းမျှ လက်ရှိဈေးမှာ ကျပ်၄၂၀ဝ၀ဝ၊ ကျပ်၄၃၀ဝ၀ဝမှ ကျပ် ၄၆၀ဝ၀ဝ၊ ကျပ် ၄၇၀ဝ၀ဝ အတွင်းနှင့် ဆန်ဈေးမှာ ၁၀၈ ပေါင် တစ်အိတ်ကို ကျပ်၁၆၀ဝ၀မှ ကျပ်၁၈၀ဝ၀အတွင်းရှိပြီး  ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ဈေးနှုန်းကျဆင်းလျက်ရှိ ကြောင်း ဈေးကွက်သတင်းများအရ သိရပါတယ်။
ယခင်နှစ်ကာလတူမြို့နယ်စုံရဲ့  ၄၆ ပေါင် တင်း၁၀ဝ  ဈေးမှာ ကျပ် ၄၈၀ဝ၀ဝ၊ ကျပ် ၄၉၀ဝ၀ဝ မှ အမြင့်ဆုံးကျပ် ၅၆၀ဝ၀ဝ၊ ကျပ်၅၇၀ဝ၀ဝဈေးတွင် ဆန်တစ်အိတ်ကိုကျပ်၂၀ဝ၀ဝ၊ ကျပ် ၂၂၀ဝ၀ အထိရှိကြောင်း၊ ယခင်နှစ်ထက် ယခု နှစ်စပါးဈေးမှာ ၄၆ပေါင်တင်း ၁၀ဝကို ပျမ်းမျှ ကျပ် ၆၀ဝ၀ဝ မှ သိန်း ဂဏန်း ဝန်းကျင်ဈေးနှုန်းကျဆင်းလျက်ဆန်တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ မှ ကျပ် ၄၀ဝ၀ ဈေးနှုန်းကျဆင်းသွားကြောင်း၊ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှထွက်ရှိလာသော စပါးများမှာအရည်အသွေးနှင့်ဈေးကွက်ဝယ်လိုအား အခြေအနေပေါ်မူတည်ပြီး ဈေးနှုန်းများကွာခြားရခြင်းဖြစ်၍ယခု လက်ရှိအခြေအနေမှာလည်း တိုင်းအတွင်း မြို့နယ်စုံဆန်စပါးအရောင်းအဝယ်အေးလျက်ရှိကြောင်း ဆန်စပါးအသိုင်း အဝိုင်းမှသိရပါတယ်။                                                                            
မင်းမင်းဦး(ပုသိမ်)

Agency Ministry of Foreign Affairs
Category General