မုံရွာကုန်စည်ဒိုင် ဇန်နဝါရီလဆန်း ပဲမျိုးစုံဈေးကွက်

ပဲတီစိမ်း၊ ပဲစင်းငုံနီ အသစ်ပေါ်လို့ ဈေးအနည်းငယ်ကျ
ဇန်နဝါရီလဆန်းပတ်မှာ မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံဈေး ကွက်မှာ ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံများ  အသစ်ပေါ်၍ ဈေးအနည်းငယ်ကျဆင်းခဲ့ကြောင်းသိရပါတယ်။
ယခုတစ်ပတ် ပဲတီစိမ်း(ကြီး) တစ်တင်းပေါက်ဈေးမှာ ၂၅၅၀ဝ ကျပ်၊ (သေး)၂၂၅၀ဝကျပ်ဖြစ်ပြီး တစ်ရက် အိတ် ၅၀ဝ ခန့် အရောင်းအဝယ်သွက်လျက်ရှိပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တစ်တင်း ကျပ် ၁၀ဝဝခန့်ကျဆင်းသွားကြောင်း သိရပါတယ်။ ပဲစင်းငုံနီသီးနှံကတော့  အကျဈေးနဲ့ ဈေးငြိမ် လျက်ရှိပြီး တစ်တင်း ၂၆၅၀ဝ ကျပ်ဖြင့် အရောင်းအဝယ်အေး နေကာယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဈေးနိမ့်လျက်ရှိကြောင်း သိရ ပါတယ်။   မတ်ပဲသီးနှံ (အထွက်တိုး) ပဲသစ်တစ်တင်း ၃၄၀ဝဝ ကျပ်၊ (ကုန်း) ပဲအသစ် ၃၆၅၀ဝ ကျပ်နဲ့ ဈေးအနည်းငယ်တက် လာပြီး နေ့စဉ် အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရပါတယ်။
ဒေသတွင်းစားသုံးတဲ့   ပဲများဖြစ်တဲ့ ကုလားပဲမျိုးစုံ သီးနှံပေါက်ဈေးမှာ ကုလားဖြူလုံးကြီး ဠ၂ ၄၆၀ဝဝ ကျပ်၊ ၉၂၉ ၄၆၀ဝဝ ကျပ်၊ ထိုင်ဝမ် ၄၆၀ဝ ကျပ် အသီးသီးပေါက်ပြီး လက် ကျန်ပဲ အနေနဲ့ ဒေသတွင်း ဝယ်လက်အဆွဲရှိ လို့ နေ့စဉ် အိတ် ၂၅၀ဝ ခန့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ စွန်တာနီပဲ တစ်တင်း ၁၆၅၀ဝ ကျပ်၊ မလွမ်းပိုပဲတစ်တင်း ၂၂၀ဝဝ ကျပ်၊ ထောပတ်ပဲတစ် တင်း ၁၄၀ဝဝ ကျပ်၊ ပုဂံပဲတစ်တင်း ၃၀ဝဝဝ ကျပ်၊ စားတော်ပဲတစ်တင်း ၂၈၀ဝဝ ကျပ်၊ မြေထောက်ပဲ တစ် တင်း ၂၆၀ဝဝ ကျပ်၊ ပဲဖြူလေးတစ်တင်း ၁၆၅၀ဝ ကျပ်၊ ပဲလွန်း ပြာတစ်တင်း ၂၆၀ဝဝ ကျပ်၊ ပဲလွန်းဖြူတစ်တင်း ၃၀၅၀ဝ ကျပ် အသီးသီးပေါက်ပြီး လက်လီအနေနဲ့ တစ်ရက်အိတ် ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲကြီးဈေးကွက်မှာလည်း  တစ်တင်းလျှင် ကျပ် ၂၇၅၀ဝဈေးပေါက်ပြီး ဒေသတွင်းဝယ် လက်အဆွဲရှိလို့ နေ့စဉ် အိတ် ၁၅၀ ခန့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရပါ တယ်။
ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲ လုံးဆန်ဈေးကွက် ကတော့ ဝယ်လက်အဆွဲ   အနည်းငယ်အေးသွားပြီး နေ့စဉ် အဝင်ကတော့ အိတ် ၃၀ဝ-၄၀ဝ ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။  ယခုတစ်ပတ် မြေပဲလုံးဆန်  တစ်ပိဿာဈေးနှုန်း မှာ လုံးဆန်ဖြူ၂၀၇၅ကျပ်၊ ဆီဆန်ဖြူ၁၉၅၀ ကျပ်၊ လုံးဆန်နီ ၂၃၅၀ ကျပ် အသီးသီးဈေးနှုန်းဖြစ်ပေါ်လျက်ရှိပါတယ်။   နှမ်းမျိုးစုံ ဈေးကွက်မှာ နှမ်းဖြူ တစ်ပိဿာ ၂၁၃၀ ကျပ်နဲ့ တစ် ရက် အိတ် ၂၀ဝ ခန့်၊ နှမ်းနက် တစ်ပိဿာ ၂၆၇၀ ကျပ်နဲ့အိတ် ၂၀ဝ ခန့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကုန်စည်ဒိုင်သတင်းရပ်ကွက်မှ  သိရှိရပါတယ်။
ကြည်ကြည်နွယ် (မုံရွာ)

Agency Ministry of Foreign Affairs
Category General