ရှမ်းချင်း အရောင်းအဝယ်အေး

အောင်ပန်းဈေးကွက်မှာ ရှမ်း/ချင်းအဝင်များပေမယ့် အရောင်းအဝယ်ကတော့ အေးနေပါတယ်၊ အောင်ပန်းချင်းကို ပြည်တွင်းသုံးအတွက် ရန်ကုန်၊ တပ်ကုန်း၊ ပြည်၊ မုံရွာစတဲ့မြို့တွေကသာ ချင်းထိုးဖို့အတွက်အဝယ်ရှိသလို၊ ဒေသတွင်းသုံးဖို့ အတွက်လည်းဝယ်ယူတယ်လို့သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့တွေ မှာတော့ ချင်းကို ဟင်းခတ်အမွှေးအကြိုင်အတွက်သာဝယ်ယူပြီး ချင်းသေးကိုပိုပြီး အသုံးများကြပါတယ်။ အတက်ကြီး/ လှတွေထက် ချင်းသေးကပိုပြီး အနံ့မွှေးလို့ အသုံးများ တယ်လို့သိရပါတယ်။ ရှမ်းချင်းကိုတော့ပုံမှန်အဝယ်ရှိနေတာကြောင့် ၂၀၁၆ခုနှစ် ဒီဇင်ဘာလအတွင်း ပိသာချိန်ပေါင်း ၉ ဒသမ ၂ သိန်းခန့် အရောင်း အဝယ်ဖြစ် ခဲ့ ပါတယ်။ဟိုပုံးချင်းကတော့ အောင်ပန်းချင်းတွေထက် နောက်ကျမှ ဈေးကွက်ကိုဝင်လေ့ရှိပြီးဒီနှစ်မှာလည်း ဖေဖော်ဝါရီမှစပြီး ဝင်လာနိုင်တယ်လို့သိရပါတယ်။ ယခု လောလောဆယ်မှာ တောင်သူတွေက ဈေးကွက်ဝင်နေတဲ့ ပြောင်းတွေကိုသာ ရိတ် သိမ်းနေပြီး ချင်းကိုတော့မဖော်ဖြစ်ကြသေးပါဘူး။ ချင်းစိုက်တဲ့ခြံရှင်တွေ ထံမှ ကြို ဝယ်ထားကြပေမယ့်ပစ္စည်းတွေက ဈေးကွက်ကို ရောက်မလာသေးပါဘူး။ ငွေကြို ပေးက တစ်ပိသာကျပ်၃၀ဝ-၃၅၀ဈေးရှိပါတယ်။ ဟိုပုံး ချင်းခြောက် ကတော့ကုန်သွားပါပြီ။၂၀၁၆ နှစ်ကုန်မှာတစ်ပိဿာ ကျပ် ၂၂၀ဝ နဲ့ဈေးပိတ်သွားပါတယ်။အောင်ပန်းချင်းကတော့ တစ်ပိဿာကို ကျပ် ၃၅၀-၄၀ဝ ဈေးရှိပြီး၊ ချင်းခြောက် ကတော့ တစ်ပိသာ ကျပ်၁၅၀ဝမှ ၁၇၀ဝ ဈေးရှိပါတယ်။
 

Agency Ministry of Foreign Affairs
Category General