ဆန်ဟောင်းရော ဆန်သစ်ပါ ဈေးငြိမ်

ရန်ကုန်မြို့ဆန်ဈေးကွက်မှာ ဝါးတန်းကုန်စည်ဒိုင်ရဲ့ လက်ကားဈေးနှုန်းအရ   ဆန်ဟောင်းရော၊ ဆန်သစ်ပါ ဈေးနှုန်း အတက်အကျသိပ်မရှိကြောင်း သိရှိရပါတယ်။ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ်၃၈၀ဝ၀နဲ့ လတ်စ တစ်အိတ် ကျပ် ၃၄၀ဝ၀၊ ပုသိမ်^ မြောင်းမြ  ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ်  ၄၀ဝ၀ဝ နဲ့ လတ်စတစ်အိတ်ကျပ် ၃၄၀ဝ၀၊ ကျိုက်လတ်ပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၂၀ဝ၀နဲ့ လတ်စတစ်အိတ် ကျပ် ၂၉၀ဝ၀၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကျပ် ၄၃၀ဝ၀ မှ  ကျပ် ၄၄၅၀ဝ၊ ပေါ်ဆန်း အသစ်ရှယ်တစ်အိတ်ကျပ် ၂၅၀ဝ၀မှ ကျပ်၂၉၀ဝ၀ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေကြောင်း သိရှိရပါတယ်။
ဆန်ကြမ်းဧည့်မထဆန်ထိပ်စတစ်အိတ် ကျပ်၁၉၅၀ဝ နဲ့ လတ်စ တစ်အိတ်ကျပ် ၁၈၅၀ဝ၊ နွေသီးထပ်ရှယ် တစ် အိတ်ကျပ် ၁၉၀ဝ၀ မှ  ကျပ် ၂၀ဝ၀ဝ၊ နွေဆန်ရက် ၉၀ တစ်အိတ်ကျပ် ၂၀၅၀ဝ မှ ကျပ်၂၂၀ဝ၀၊ မနောသုခ တစ် အိတ်ကျပ် ၂၄၀ဝ၀မှ ကျပ်၂၅၀ဝ၀၊ အိတ်စပို့ဆန် ၂၅မှတ် တစ်အိတ် ကျပ် ၁၅၀ဝ၀ မှ ကျပ် ၁၆၀ဝ၀၊ ဆန်ကြမ်းအသစ် ရှယ်တစ်အိတ်ကျပ် ၁၈၀ဝ၀မှ ၁၉၅၀ဝ ရှိပြီး  ဆန်ကြမ်း ဈေးလည်း အဟောင်းရောအသစ်ပါ  ဈေးငြိမ်နေပါတယ်။ ဆန်အဝင် ပုံမှန်ရှိပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိနေ ကြောင်းသိရှိရပါတယ်။
မူဆယ်ဆန်ဈေးကွက်မှာ  ဆန်ကြမ်းတစ်အိတ်ကို တစ်ယွမ်မှ နှစ်ယွမ်ခန့်အထိ ဈေးကျကြောင်း သိရှိရပါ တယ်။ ဧည့်မထ  ၅ မှတ်စူပါနဲ့ မှော်ဘီတစ်အိတ်ကို ၁၂၇ ယွမ်မှ ၁၂၉ ယွမ်၊ ဧည့်မထ ၁၀ မှတ်စူပါတစ်အိတ် ၁၂၃ ယွမ်မှ ၁၂၅ ယွမ်၊  ဧည့်မထ ၁၅ မှတ်စူပါတစ်အိတ် ၁၁၈ ယွမ်မှ ယွမ် ၁၂၀၊ ဧည့်မထ၃၅ မှတ်  စူပါတစ်အိတ် ၁၀၉ ယွမ်မှ ယွမ် ၁၁၀ ၊ ငစိန် ၅ မှတ်  တစ်အိတ် ၁၂၃ ယွမ်မှ ၁၂၇ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၉ ယွမ်မှ ၁၂၂ယွမ် နဲ့ ငစိန် ၂၅မှတ် တစ်အိတ် ၁၁၆ ယွမ်မှ ၁၁၈ ယွမ်ရှိပါ တယ်။ ယခင်တစ်ပတ်ဈေးနှုန်းထက် တစ်အိတ်ကို ၂ ယွမ် ခန့်လောက်အထိ ဈေးကျကြောင်းသိရှိရပါတယ်။
ယခုတစ်ပတ်မှာ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ဆန် အဝင်မှာ ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ တန်ချိန် ၂၃၀၆၀ရှိပါတယ်။ ဆန်အဝင်ပုံမှန်ရှိပြီး အရောင်းအဝယ် လည်ပုံမှန်ရှိကြောင်း သိရှိရပါတယ်။ ဒီဇင်ဘာ ၂၉ ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၄ ကျပ်ဈေးပေါက်ကြောင်း သိရှိရပါတယ်။                             ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General