အတက်ကြမ်းလာသည့် ကားဈေးကွက်

ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ၂၀၁၆ ခုနှစ်ကုန် ခါနီး ဒီဇင်ဘာတတိယပတ်တွင် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး ဈေးတန်းများမှာ အတက်ဘက်သို့ ခပ်မြန်မြန် ရောက်ရှိသွားသဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာသည့် ရှေ့နှစ်တင်သွင်းခွင့်ပြုမည့် မော်ဒယ်ခုနှစ်သတ်မှတ်ချက်နှင့် ဒီဇင်ဘာ တတိယပတ်တွင် ကားတင်သွင်းခွင့် သတ်မှတ်ချက် များအား ကြေညာခဲ့သော်လည်း လက်ရှိအခြေအနေအရ သတ် မှတ်ရက်မတိုင်မီ စောစီးစွာ ပိတ်သိမ်းသွားသည့်အတွက် ရန်ကုန်ကား ဈေးကွက် အခြေခံသည့် ကားဈေးကွက်တစ်ခုလုံး အပြောင်းအလဲများစွာ ဖြစ်ပေါ်သွားကြောင်း သိရသည်။
လက်ရှိအခြေအနေအရ  ရန်ကုန်ကားဈေးကွက်နှင့် မန္တလေးကားဈေးကွက်အတွင်း ကားဈေးတန်းများ ယခင် ထက် များစွာမြင့်တက်လာပြီး ကနဦးသတင်းများအရ ဒီဇင် ဘာလဆန်းပိုင်းတွင် မော်ဒယ်ခုနှစ်သတ်မှတ်ချက်ကြောင့် ဖြစ်ပေါ်သည့်ဈေးထက် ဒီဇင်ဘာ ၂၀ ရက်တွင် သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့သော ကားတင်သွင်းခွင့် သတ်မှတ်ရက်အား ကြို တင်ပိတ်သိမ်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကားဈေးများ ပိုမိုမြင့် တက်လာခဲ့ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း  အကျိုးဆောင် ကိုမြင့်ကျော်က ပြောသည်။
ကားဈေးတန်းများတွင် အထူးသဖြင့် ဖရီးပါမစ်ကား လေးများမှာ ဒီဇင်ဘာ ၂၁ ရက်နောက်ပိုင်း သိသိသာသာ ပိုမို မြင့်တက်သွားပြီး ယာဉ်ဟောင်းအပ်နှံစလစ်ဈေးတန်းများ လည်း မြင့်တက်လာကာ အမည်ပေါက်စလစ် သိန်း ၁၂၀  ခန့် ဖြစ်သွားခဲ့ကာ ယခုရက်ပိုင်းတွင် ၁၁၈ သိန်းဈေးတန်းသို့ ပြန် ကျခဲ့ကြောင်း၊ သို့ဖြစ်၍ စလစ်ကပ်ကားများ၏ ဈေးတန်းလည်း လိုက်တက်သွားပြီး  ကားအသစ်တင်သွင်းမှုများ ရှိနေသော် လည်း အဘက်ဘက်မှ ဈေးမြင့်တက်နေမှုကြောင့် လက်တွင်းရှိ ကိုင်ထားသူများလည်း ပြန်မရောင်းချသဖြင့်လည်း ဈေးကွက် စောင့်ကြည့်ပြီး  ဈေးခေါ်သလိုဖြစ်နေကြောင်း ၎င်းင်းတို့မှသုံး သပ်ပြသည်။ ကားလေး(ဖရီးပါမစ်) များမှာ လတ်တလော အတက်ကြမ်းနေပြီး အက္ခရာနိမ့် ကျပ်သိန်း ၁၃၀ ဝန်းကျင် အက္ခရာမြင့် ကျပ်သိန်း ၁၆၀ ဝန်းကျင် ဖြစ်နေကြောင်း၊    စလစ်ကပ်ကားများအနက် လူကြိုက်များကားများဖြစ်သော ကလူဂျာ၊ ဝှရှ်စ်၊ အာလ်ဖတ် စသည်တို့မှာလည်း ကျပ်သိန်း ၄၀ မှ ကျပ် သိန်း ၅၀ ဝန်းကျင်ခန့်ဈေးတန်း ထပ်မံမြင့်တက်သွား ကြောင်း သိရသည်။                                    SN

Agency Ministry of Foreign Affairs
Category General