ကုန်သွယ်မှုလျင်မြန်ချောမွေ့စေဖို့ဘက်စုံဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေ ဖို့အတွက် ဆောင်ရွက်လျက်ရှိရာမှာ ကုန်သွယ်မှု လုပ်ငန်းဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိတဲ့အတွက် နိုင်ငံတော်အနေနဲ့ ကုန် သွယ်မှု လျင်မြန်ချောမွေ့စေဖို့ နည်းလမ်းပေါင်းစုံနဲ့  ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။ ဒါ့အပြင် ]] နိုင်ငံသားအားလုံး ပူး ပေါင်း ပါဝင်နိုင်ပြီး တီထွင် ဆန်းသစ်မှုနှင့် ကြိုးပမ်း အားထုတ်မှုများဖြင့် တိုးတက်မှု ရလဒ်ကောင်းများ ကို အစဉ်အဆက် ရယူထိန်းသိမ်းနိုင်မည့် စီးပွား ရေး စနစ်တစ်ခုအဖြစ် ထူထောင်ရန် }} နိုင်ငံတော်မှ ရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက် ရှိပါတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒဟာ ပြည်သူ ကို ဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက် မပြတ် တိုးတက်မှု ရရှိစေနိုင်သော မူဝါဒတစ်ရပ် အဖြစ် ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်။ စီးပွားရေးမူဝါဒကို အကောင်အထည် ဖော်ရာမှာ လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူရရှိစေရန် ဦးတည်၍ သဘာဝ သယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်း ကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား မျှတမှန်ကန်စွာ ခွဲဝေ အသုံးချနိုင်မည့် စီးပွားရေး မူဘောင် ချမှတ်ဆောင်ရွက်ရန် မျှော်မှန်းပြီး ရေး ဆွဲခဲ့တာ ဖြစ်ပါတယ်။
ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး
နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းပေးခဲ့သလို စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေနဲ့ ယှဉ်ပြိုင်မှုဥပဒေများကို လည်း ပြုစုရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု၊ နယ်စပ် ကုန်သွယ်မှုတို့မှာ ကုန်သွယ်မှုလုပ်ငန်းများ နှောင့် နှေးမှုမရှိစေဘဲ လျင်မြန်ချောမွေ့စွာ ကုန်သွယ်မှု ပြုနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးဖို့ အထူးလိုအပ် လျက် ရှိနေတာကို တွေ့ရှိရ ပါတယ်။
ပို့ကုန်တင်ပို့မှု
နိုင်ငံတော်အစိုးရဟာ နိုင်ငံတော်ဘဏ္ဍာ ပိုမိုရရှိစေဖို့ ပို့ကုန် တင်ပို့မှုကို အားပေးလျက် ရှိပါတယ်။ ဒါကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အား အခွန်များ လျှော့ပေါ့ပေးခြင်းများ ပြုလုပ်ပေးခဲ့ သလို ပို့ကုန် တိုးမြှင့် တင်ပို့နိုင်ရေးအတွက်လည်း ကုန်ထုတ်လုပ်ငန်းရှင်များ ကြုံတွေ့နေရတဲ့အခက် အခဲ၊ အတားအဆီးနဲ့ အဟန့်အတားတွေကို ဖြေ လျှော့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။
ပို့ကုန်တင်ပို့မှုကို ကြည့်ပါက ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်အထိ ပင်လယ်ရေကြောင်းမှ ပို့ကုန်ပစ္စည်း အုပ်စုအလိုက် တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၂၃၄ဒသမ ၉၄၁ သန်း၊ နယ်စပ် ပို့ကုန် တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ  ၂၇၆၃ဒသမ ဝ၉၇ သန်း ဆောင်ရွက်နိုင်ခဲ့ တဲ့အတွက် ပို့ကုန်တင်ပို့မှု စုစုပေါင်းမှာ အမေ ရိကန် ဒေါ်လာ ၆၉၉၇ဒသမ ၉၈၈ သန်း ဆောင် ရွက်နိုင်တာ တွေ့ရပါတယ်။
ယခင်နှစ် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် အထိ ပင်လယ် ရေကြောင်းမှ တင်ပို့မှုနှင့် နယ်စပ်မှ ပို့ကုန်တင်ပို့မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ  ၆၄၄၅ဒသမ ၅၂၉ သန်း ဆောင်ရွက်ခဲ့ရာ ယခု နှစ် ပို့ကုန်တင်ပို့နိုင်မှုကို ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ် ရာမှာတော့ အမေရိကန်ဒေါ်လာ ၅၅၂ဒသမ ၄၅၉ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ပို့ကုန်တင်ပို့မှုအနေနဲ့ လယ်ယာထွက်ကုန် ပစ္စည်း၊ ရေထွက် ကုန်ပစ္စည်း၊ သတ္တုတွင်းထွက်ကုန် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ စက်မှုကုန်ချောအုပ်စု တို့မှာ ပိုမိုတင်ပို့နိုင်ခဲ့ပြီး လယ်ယာထွက်ကုန်ပစ္စည်း အနေနဲ့ အဓိကထားတင်ပို့တဲ့ ဆန်၊ ကောက်ညှင်း ဆန်၊ နာနတ်သီး၊ ပြောင်း၊ ရော်ဘာ၊ ဖရဲသီးတို့ကို လည်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
သွင်းကုန်တင်သွင်းမှု
ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် သွင်း ကုန် တင်သွင်းရာတွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်အထိ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၇၄၁၅ဒသမ ၆၆၃ သန်း၊ နယ်စပ်ကုန် သွယ်မှုဖြင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၉၁ဒသမ ၅၈၅ သန်း တင်သွင်းခဲ့ရာ သွင်း ကုန်တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၁၁၇ ဒသမ ၂၄၈ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ယခင်နှစ်ကာလတူဖြစ်တဲ့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်အထိ ပင်လယ်ရေကြောင်းမှ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀၅၀ ဒသမ ၁၁၀ သန်း တင်သွင်းနိုင်ခဲ့ပြီး နယ်စပ်ကုန် သွယ်မှုဖြင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၄၇ဒသမ ၅၈၂ သန်း တင်သွင်းနိုင်ခဲ့ရာ ယခင် နှစ် ကာလတူက သွင်းကုန် စုစုပေါင်း ၉၅၉၇ ဒသမ ၉၆၂ သန်း ဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရပါတယ်။
သွင်းကုန်တင်သွင်းမှုအနေနဲ့  ယခု ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နဲ့ ယခင်နှစ် ကာလတူကို နှိုင်းယှဉ်လေ့လာပါက သွင်းကုန် တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၉၀ ဒသမ ၄၄၄ သန်း လျော့နည်း တင်သွင်းခဲ့ပါတယ်။ စက်နှင့် စက် ပစ္စည်းများ၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်း များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနဲ့ တပ်ဆင် ပစ္စည်းများ တင်သွင်းမှု လျော့နည်းခဲ့တာ တွေ့ရပါ တယ်။
ပို့ကုန်၊ သွင်းကုန်များ ပိုမိုတိုးတက်ရေး
မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍဟာ တရားမဝင် တင်သွင်းတင်ပို့မှုများ ကြောင့် တစ်နေ့ တခြား လျော့ကျလာတာကို တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ တရားမဝင် ပို့ကုန်သွင်းကုန်များ လျော့ကျ စေဖို့အတွက် ကုန်ပစ္စည်းစစ်ဆေးရေး ဌာနများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊  သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူဝန်ထမ်းများက ဟန်ချက် ညီညီ ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန်များ တိုးတက်မှသာ နိုင်ငံ တော် အခွန်ဘဏ္ဍာများ တိုးတက်ရရှိမှာ ဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန်များ တိုးတက်စေဖို့အတွက် ကုန်သွယ်မှု လျာထားချက်များကို နှစ်စဉ်ရေးဆွဲပြီး လုပ်ဆောင်ကြရပါတယ်။ အဲဒီလို လုပ်ဆောင်ကြ ရာမှာ မြေပြင်မှာဖြစ်ပေါ်နေတဲ့ ကိန်းဂဏန်း တန်ဖိုး ကို အခြေခံပြီး ရေးဆွဲကြမှသာ မှန်ကန်တိကျတဲ့ ကုန်သွယ်မှု လျာထားချက်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ လျာထားချက်အတိုင်း အကောင်အထည် ဖော်နိုင်မှုရှိမရှိဆိုတာကို သိရှိနိုင်မှာ ဖြစ် ပါတယ်။
တရားမဝင် တင်ပို့တင်သွင်းမှုများ  လျော့နည်း ပပျောက်ဖို့အတွက် ပြည်နယ်^တိုင်းဒေသကြီး အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနအသီးသီး မှ တာဝန်ရှိသူများ ပူးပေါင်းပြီး တား ဆီးကြရမှာ ဖြစ်ပါတယ်။ တရားမဝင် ကုန်သွယ်မှု ကြောင့် နိုင်ငံတော် ရဲ့သယံဇာတ အရင်းအမြစ်တွေ ဆုံးရှုံးသလို နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာ ရရှိမှု လည်း ဆုံးရှုံးရတဲ့အတွက် တရားမဝင်ကုန်သွယ်မှု   ပပျောက်ရေးကို ထိထိရောက်ရောက် လုပ်ဆောင် သင့်လှပါတယ်။
ဖွံ့ဖြိုးတိုးတက်ဖို့ လိုနေပြီဖြစ်တဲ့ ကုန်သွယ် ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များ
ကုန်သွယ်မှု လျင်မြန် တိုးတက်စေဖို့အတွက် မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကုန်သွယ်ရေးစခန်း များနဲ့ ကုန်သွယ်ရေးဇုန်များကို ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်လှ ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ နယ်စပ်ကုန်သွယ် ရေးစခန်းနဲ့ ကုန်သွယ်ရေး ဇုန်ပေါင်း ၁၅ ခု ရှိပါ တယ်။
ပို့ကုန်ပိုင်းမှာ နယ်စပ်ကုန်သွယ်မှု ကဏ္ဍအားလုံးရဲ့ ၁၈ ရာခိုင် နှုန်းကျော် ကုန်သွယ်မှု ပြု ပေးနိုင်တဲ့ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်သို့ သွားရောက်ရာ ပြည်ထောင်စု လမ်းမကြီးတစ် လျှောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး အတွက် လမ်းပိုင်းတိုးချဲ့ခြင်း များကို ဆောင်ရွက် လျက် ရှိပါတယ်။ ဒါ့အပြင် နယ်မြေအေးချမ်း လုံခြုံမှု ရှိစေရေး အတွက်ကိုလည်း တပ်မတော်နဲ့ ဒေသခံ ပြည်သူတွေ၊ ဥှ အဖွဲ့ဝင်ဝန်ထမ်းတွေ ပူးပေါင်း ပြီး လုပ်ဆောင်လျက်ရှိတဲ့အတွက် တစ်လနီးပါးခန့် ကုန်သွယ်မှု အားနည်းခဲ့တဲ့ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်ဟာ ယခုဒီဇင်ဘာလအတွင်းမှာ ကုန်သွယ် မှုတွေ ပြန်လည်ပြုလုပ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး စခန်းနဲ့ ကုန်သွယ်ရေးဇုန်တွေဟာ အိမ်နီးချင်းနိုင်ငံ တွေကို ပြည်တွင်းက ကုန်ပစ္စည်းတွေ တင်ပို့နိုင်ဖို့ ခရီးတစ်ထောက်နားတဲ့ စခန်းတစ်ခုအသွင်သာ ရှိနေခဲ့ပါတယ်။
တစ်ဖက်နိုင်ငံက ကုန်သွယ်ရေး စခန်းတွေ ကတော့ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို စနစ် တကျသိုလှောင်ပြီး တစ်ဆင့် ပြန်လည် ရောင်းချနိုင် တဲ့ ကုန်ရောင်းဝယ်ရေး စခန်းကြီးတစ်ခုအသွင် ဖြစ်နေတာကို သတိပြုမိပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ကုန်သွယ် ရေးစခန်းတွေ၊ ကုန်သွယ်ရေးဇုန်တွေကို အဆင့်မြှင့် တင်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ကုန်သွယ်ရေး ဇုန်တွေ၊ ကုန်သွယ်ရေးစခန်းတွေမှာ အဆင့်မြင့် သိုလှောင်ရုံတွေ၊ ကုန်ပစ္စည်း တင်ချလုပ်နိုင်တဲ့ နေရာတွေ၊ အအေးခန်းစက်ရုံ၊ အအေးခန်းကုန် သေတ္တာတွေထားရှိနိုင်ဖို့၊ ကုန်ပစ္စည်းများ လေလွင့် ဆုံးရှုံးမှု မဖြစ်စေဖို့( First In, First Out) စနစ်ကို ကျင့်သုံးနိုင်ဖို့၊ သိုလှောင်နည်းစနစ်မှန်ကန်စေဖို့၊ သိုလှောင်ထိန်းသိမ်း နည်းစနစ်ကို ကျွမ်းကျင်စေဖို့ စတဲ့ မှန်ကန်တဲ့ လုပ်ငန်းရပ်တွေကို လုပ်ဆောင်ပေး ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းများကိုလည်း ပြည်ပက ကုန်သည်တွေ လာ ရောက်ဝယ်ယူနိုင်တဲ့ ကုန်သွယ်ရေး ဇုန်^ စခန်း ဖြစ်အောင် အဘက်ဘက်က လိုအပ်ချက်များကို ပြုပြင်ကြရမှာ ဖြစ်ပါတယ်။
ကုန်သွယ်မှုများအပေါ် ဖြေလျော့
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနဲ့ ကုန်သွယ်မှု လွယ်ကူလျင်မြန် ချောမွေ့စေရေးအတွက် ဖြေလျော့ပေးမှု များကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အဲဒီလိုဆောင် ရွက်ပေးလျက်ရှိရာမှာH.S Code လိုင်းပေါင်း ငါးထောင်ကျော်ကိုလည်း လိုင်စင် လျှောက်ထားဖို့ မလိုတဲ့ ကုန်စည်များအဖြစ် သတ်မှတ်ပေးခဲ့ပါ တယ်။
ဒါ့အပြင် လိုင်စင်လျှောက်ထားရာမှာ  ကြန့် ကြာမှု မရှိစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် အတွက်ကိုလည်း ဆောင် ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပို့ကုန်ကျဆင်းမှုကို အထောက်အကူ ဖြစ်စေရေးအတွက် တစ်ဖက်နိုင်ငံ ရဲ့ လိုအပ်ချက်နဲ့အညီ သကြားအပါအဝင် ကုန်ပစ္စည်း အမယ်ကိုးမျိုးကိုလည်းRe-export  စနစ်နဲ့ ကုန် သွယ်မှု ပြုစေခဲ့ ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ပို့ကုန်သွင်းကုန် များ တိုးတက်စေရေး၊ နိုင်ငံတော်အခွန်ဘဏ္ဍာ တိုးတက် ရရှိစေရေးအတွက် ဘက်ပေါင်းစုံမှ ဖြေလျော့ပေးမှုများကို ပြုလုပ်ပေးလျက်ရှိပေမယ့် တရားမဝင် ကုန်သွယ်မှုဟာ တစ်နေ့တခြား ပိုမို မြင့်တက်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
တရားမဝင်ကုန်သွယ်မှုမှ ဖမ်းဆီးရမိမှု အခြေအနေ
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေး လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့တဲ့ ကုန်ပစ္စည်းများ အနက် ထူးခြားတဲ့ ကုန်ပစ္စည်းများကို လေ့လာရာ တွင် ကျောက်စိမ်း ၆၇၅၄၇ ကီလို၊ အင်ကြင်းကျောက် ၁၆၈၅၇ ကီလို၊ သလင်းကျောက် ၅၁၁၃ ကီလို၊ စိတ်<ကဆေး ပြား ၆၃၈၀ဝ ပြား၊ သစ်ခွ ၁၂ တန်၊ သစ်မျိုးစုံသစ်ဆိုဒ်စုံ  တန် ချိန်  ၁၀၄၀၅ တန်၊ ဘီယာဘူးမျိုးစုံ ၂၁၃၆၅၃၇ လုံး၊ အရက် ပုလင်းမျိုးစုံ ၈၅၉၆၉ လုံး၊ ဝိုင်ပုလင်းမျိုးစုံ ၁၂၉၄၇၁ လုံး၊ တားမြစ်ထိန်းချုပ်ဓာတုဆေးရည် ၁၀၄၇၅ ကီလို၊ အေးခဲ အသားမျိုးစုံ ၁၇၉၇၄၈ ကီလို၊ တယ်လီဖုန်း ဟန်းဆက်မျိုးစုံ ၅၅၀၂၃ လုံး၊ မော်တော်ဆိုင်ကယ်မျိုးစုံ ၅၃၁ စီး၊ ဖောက်ခွဲရေး ပစ္စည်း ယမ်းအဖြစ်သုံးသည့် အမိုးနီးယားနိုက်ထရိတ် ၁၃၅၀၇ အိတ်၊ ၅၄၀၂၈၀ ကီလို၊ ဖောက်ခွဲရေးပစ္စည်းယမ်းနှင့် အသုံးပြု မည့် လျှပ်စစ် ီနအသညအေသမ ၃၃၉၀ဝ၀ ခု၊ ကျွဲ ၁၁၆ ကောင်၊ နွား ၉၉ ကောင်၊ ဆိတ် ၁၀၃၀ ကောင်၊ ရွှေချောင်း ၁၉ ကီလို၊ မူးယစ်ဆေးဝါး အိုက်(စ်) ပုံဆောင်ခဲ ၅၃ ကီလိုတို့ကို ဖမ်းဆီးရ မိခဲ့ပါတယ်။
အရည်အသွေးရှိပို့ကုန်များ တိုးတက်တင်ပို့နိုင်ရေး
အရည်အသွေးမြင့်ပို့ကုန်များ  တိုးတက်တင်ပို့နိုင်ရေး ဟာ ပို့ကုန်မြှင့်တင်ရေးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ခေတ်မီတိုးတက်လာတဲ့အလျောက် အရည်အသွေးကို အဓိကထားတဲ့ စားသုံးမှုပုံစံကို တဖြည်း ဖြည်းနဲ့ ပြောင်းလဲလာခဲ့တာ ကြာခဲ့ပြီဖြစ်ပါတယ်။
အရည်အသွေးကို အဓိကထားတဲ့ ဈေးကွက်ခေတ်ကို ရောက်လာတဲ့အတွက် မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များအနေနဲ့ အရည်အသွေး ကောင်းတဲ့ ကုန်ပစ္စည်းများ၊ အသီးအနှံများကို စိုက်ပျိုးထုတ် လုပ်ကြရမှာ ဖြစ်ပါတယ်။
အရည်အသွေးကောင်းမှ ဈေးကောင်းရမှာဖြစ်သလို အရည်အသွေးကောင်းမှလည်း အရေအတွက် များပြားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရည်အသွေးသည် အဓိကဆိုသလို အရည်အသွေးကောင်းတဲ့ ပို့ကုန်ပစ္စည်းများ တိုးတက်တင်ပို့ နိုင်ဖို့အတွက် ခေတ်မီနည်းပညာများကို အသုံးပြုကြရမှာ ဖြစ် ပါတယ်။ ဒါမှသာ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းများ တိုးတက် တင်ပို့နိုင်ပြီး ပို့ကုန်ပိုမို တင်ပို့လာနိုင်မှာဖြစ်ပြီး ကုန် သွယ်မှု ပိုမိုလွယ်ကူ လျင်မြန်ချောမွေ့လာမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Agency Ministry of Foreign Affairs
Category General