မုံရွာမြို့တွင် EDNA Myanmar ၏ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေးဆွေးနွေးပွဲကျင်းပ

အာရှစွန့်ဦးတီထွင် စီးပွားရေးစွမ်းဆောင်ရည် ဖွံ့ဖြိုးမှုကွန်ရက် (မြန်မာ)မှ တစ်ပိုင်တစ်နိုင်နဲ့ အသေးစား စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများအတွက် စွန့်ဦးတီထွင်စီးပွားရေးစွမ်းဆောင်မှု နည်းပညာနှင့် လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင် ရေးစီမံကိန်း ဒုတိယပိုင်းဖြစ်တဲ့ လုပ်ငန်းဖွံ့ဖြိုးမှုမြှင့်တင်ရေး  ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ပေါ်ဦးခန်းမတွင် ဒီဇင်ဘာ ၁၀ရက်က ကျင်းပ ပြုလုပ်ရာသင်တန်းတာဝန်ခံများ၊ သင်တန်းသားများ၊ ဖိတ်ကြားထားသော ဌာန ဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်EDNA Myanmar  ၏ Senior Field Officer  ဒေါ်ဝင့်ဝင့်လင်းက အလုပ်အကိုင်မပျက် သင်တန်းဖွင့် လှစ်ပေးသည့် အခြေအနေများနှင့် ဘာသာရပ် အထောက်အကူပြု ဆွေးနွေးပွဲ များ ကျင်းပပြုလုပ်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ရှင်း လင်းဆွေးနွေးရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ လုပ်ငန်းရှင်များအတွက် နည်းပညာ ကူညီပံ့ပိုးမှုနှင့် ချေးငွေဝန်ဆောင်မှုအတွက် ပံ့ပိုးပေးသည့် အခြေ အနေ၊ စက်မှုမှတ်ပုံတင်ခြင်းနှင့် လျှောက်ထားဆောင်ရွက်ခြင်း အကျိုးကျေးဇူး များနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသေးစိတ် ရှင်းလင်းပြောကြား ခဲ့ပါသည်။ လုပ်ငန်းအရေအတွက် စာရင်းကောက်ယူရရှိခြင်းဖြင့် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်မည့် နည်းလမ်းများချမှတ်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းပြောကြားဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး လုပ်ငန်းအတွေ့အကြုံ မျှဝေဆွေးနွေးပွဲတွင် မုံရွာမြို့ နိုင်မြန်မာပုံနှိပ်တိုက် ပိုင်ရှင် ဦးနိုင်အောင်က သူ၏၂၈နှစ်ရှိ လုပ်ငန်းအတွေ့ အကြုံများကိုလည်းကောင်း၊  နောက် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မုံရွာမြို့နယ် မုံရွေးကျေးရွာမှ မိတ်ဆွေမြတ် ခေါင်းအုံးမွေ့ယာ လုပ်ငန်းရှင် ဒေါ်စန်းစန်းဝေက လည်းကောင်းလုပ်ငန်းအတွေ့အကြုံများကိုမျှဝေဟောပြောခဲ့ပါသည်။ထို့နောက် သင်တန်းသားသင်တန်းသူများက သိရှိလိုသည့်မေးမြန်းဆွေးနွေးမှုများကို ရှင်း လင်းဆွေးနွေးကာ သင်တန်းဆင်းများလက်မှတ်ပေးအပ်ခဲ့ကြောင်း  သိရှိရ သည်။                                     ရီလင်းထွဋ် (မုံရွာ)

Agency Ministry of Foreign Affairs
Category General