တောင်ကြီးမြို့တွင် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

တောင်ကြီးမြို့တွင် ပဲပုပ်စိုက်ပျိုး ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၃ရက်က တောင်ကြီးမြို့၊ မင်းကံကောင်း စားသောက် ဆိုင်မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါ တယ်။
အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊  စားသုံးသူရေးရာ ဦးစီးဌာနတို့ အပြင် မိတ်ဖက်ဌာနနဲ့ အဖွဲ့အစည်းများ ဖြစ်တဲ့ အသေးစား စက်မှုလက်မှု၊ အသေးစား ငွေချေးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဌာန၊ ဘဏ်လုပ်ငန်း ရှင်များ၊ တန်ဖိုးမြှင့် ထုတ်လုပ်နေတဲ့ လုပ်ငန်းရှင်များ၊ USAID နဲ့ WINROCK  မှ တာဝန်ရှိသူများ၊ လဲချား၊ ဟိုပုံး၊ မိုးနဲ၊ တောင်ကြီး မြို့နယ်များမှ ပဲပုပ်စိုက် တောင်သူများ၊ စုစုပေါင်း အင်အား ၁၂၀ ခန့် တက် ရောက်ခဲ့ကြပါတယ်။
ယင်းကဲ့သို့ ပဲပုပ်စိုက်ပျိုး ထုတ် လုပ်မှု အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခြင်း ဖြင့် နည်းပညာ၊ ငွေကြေးအကူအညီနဲ့                  ဈေးကွက်ချိတ်ဆက် ဆောင်ရွက်နိုင်မယ် လို့ သိရပါတယ်။ ပဲပုပ်ကို လဲချား၊ နမ့်စမ်၊ တောင်ကြီး ကုန်စည်ဒိုင်များမှတစ်ဆင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည် နယ်၊ ရှမ်းပြည်နယ် (ဒေသသုံး)တို့သို့ တင်ပို့လျက်ရှိသလို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် မြို့ကြီးများရှိ ကုန်သည် များမှတစ်ဆင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့လျက်ရှိတယ်လို့လည်း သိရပါ တယ်။
စောမောင်(တောင်ကြီး)

Agency Ministry of Foreign Affairs
Category General