မူဆယ်မှ သကြားတင်ပို့ပြီး မြဝတီမှ သကြားတင်သွင်း

ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း မူဆယ်(၁၀၅) မိုင်ကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၈၁၀ သန်း တန်ဖိုးရှိ ျွန-နထစသမအ သကြား ၅၄၁၉၉ တန်ကျော် တင်ပို့ခဲ့ပြီး မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၂၄၉ သန်းတန်ဖိုးရှိ Re-export  သကြား ၇၇၂၆ တန် တင် သွင်းခဲ့ပါတယ်။
ယခင်ရက်သတ္တပတ်က မူဆယ်မှ ၁၄၁၉၄ တန်သာတင်ပို့နိုင်ခဲ့လို့ ယခု တစ် ပတ်မူဆယ်မှ သကြားတင်ပို့မှုတန်ချိန် ၄၀ဝ၅ တန်ပိုမိုလာခဲ့ပြီး  မြဝတီမှ ယခင် တစ်ပတ်က ၁၀၈၄၁ တန် တင်သွင်းနိုင်ခဲ့လို့ ယခုတစ်ပတ် ၃၁၁၅ တန်လျော့နည်း တင်သွင်းခဲ့တာတွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဒီဇင်ဘာလဆန်းက သကြား တစ်တန်လျှင် ၁၀၄၉၉၂၀ ကျပ်ခန့်အထိ ဝယ်ယူရရှိပြီး တစ်ဖက်နိုင်ငံ ယွမ်ဈေး ကတော့ ၅၀ ကီလိုတစ်အိတ်လျှင် ၂၇၁-၂၇၂ ယွမ်ဈေးရှိကြောင်း သိရပါတယ်။     
                    မော်မော်အောင်

Agency Ministry of Foreign Affairs
Category General