နိုဝင်ဘာလအတွင်း ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပြည်ပ ပို့ကုန်လျာထားချက်ကျော်လွန်အောင် ဆောင်ရွက်

ကော့သောင်း ကုန်သွယ်ရေး စခန်းမှ နိုဝင်ဘာလအတွင်း ပို့ကုန် ဆောင်ရွက်နိုင်မှုမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၂၇ သန်း ဆောင် ရွက်နိုင်သဖြင့် အနီးစပ်ဆုံးကာလ ဖြစ်တဲ့ အောက်တိုဘာလထက် အမေ ရိကန်ဒေါ်လာ သုည ဒသမ ၃၆၉ သန်း နဲ့ ယခင်နှစ်ကာလတူထက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၇၇ သန်း ပိုမိုဆောင် ရွက်နိုင်တဲ့အပြင် လျာထားချက်အပေါ် ၁၄၈ ဒသမ ၁၆ ရာခိုင်နှုန်းဆောင် ရွက် နိုင်ခဲ့တယ်လို့ သိရပါတယ်။
အနီးစပ်ဆုံးကာလနဲ့ရော ယမန် နှစ်ကာလတူထက်ပါ ပို့ကုန်တင်ပို့မှု ပိုမိုရခြင်းမှာ ကော့သောင်းဒေသ၏ အဓိက ပို့ကုန်ဖြစ်တဲ့ ရေထွက်ပစ္စည်း များ ပိုမိုတင်ပို့နိုင်ခြင်းကြောင့် ဖြစ်ပြီး ကော့သောင်း ကုန်သွယ်ရေးစခန်းအနေ ဖြင့် ရေထွက်ပစ္စည်းများ မှန်မှန်ကန်ကန် တင်ပို့နိုင်ရေး၊ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ရေး၊ လစဉ်ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးများတွင် ကုန်သည် လုပ် ငန်းရှင်များအား ကုန်သွယ်မှု တိုးတက် ရေး ပူးပေါင်း ဆောင်ရွက်ရေးအတွက် စည်းရုံးခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ကော့သောင်း ကုန်သွယ်ရေး စခန်းရဲ့ နိုဝင်ဘာလအတွင်း အများ ဆုံးတင်ပို့ခဲ့တဲ့ ပို့ကုန်ပစ္စည်းများက တော့ ငါးမျိုးစုံ၊ ကင်းမွန်၊ ကဏန်း၊ အခြား ရေထွက်ပစ္စည်း၊ ပုစွန်၊ ရေဘ ဝဲ၊ ဆီအုန်းကြိတ်ဖတ်ကုန်ကြမ်း၊ အုန်းသီး (အခွံ) ပင်လယ် ငါးရှဉ့်တို့ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General