အမေရိကန်ပြည်ထောင်စု၏ ယေဘုယျ အကောက်ခွန်သက်သာခွင့်စနစ် (GSP) အစီအစဉ်ဆိုင်ရာ အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲများအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ ကြီးများတွင် အသီးသီးကျင်းပခဲ့

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်USAIDတို့ပူးပေါင်း၍ အမေရိကန် ပြည် ထောင်စု၏ ယေဘုယျ  အကောက်ခွန် သက်သာခွင့် စနစ် (GSP)အစီအစဉ်ဆိုင်ရာ အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲများကို နေပြည်တော်၌ ဒီဇင်ဘာ ၉ရက်တွင် လည်းကောင်း၊ ရန်ကုန်မြို့၌  ဒီဇင်ဘာ ၁၀ရက်တွင် လည်းကောင်း၊ မန္တလေးမြို့၌ ဒီဇင်ဘာ ၁၂ရက်တွင် လည်းကောင်း ကျင်းပခဲ့ကြသည်။
နေပြည်တော်ရှိ  Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန     အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှMs. Suzanne Yountchi့ တို့က အမှာစကားများ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ရှိUMFCCI  တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲသို့  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်း၊UMFCCI  ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း နှင့်     မြန်မာနိုင်ငံဆိုင်ရာ     အမေရိကန်သံရုံးမှ
Ms. Suzanne Yountchi တို့က အမှာစကားများ ပြော ကြားခဲ့သည်။
မန္တလေးမြို့ရှိ MRCCI  တွင် ကျင်းပခဲ့သည့်ဆွေး နွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးရန်နိုင်ထွန်း၊ MRCCI  ဒုတိယဥက္ကဋ္ဌ ဦးကျော်မင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်သံရုံးမှMs. Suzanne Yountchi  တို့က အမှာစကားများ ပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ အသီးသီး၌ အမေ ရိကန်ပြည်ထောင်စု၏(GSP) အစီအစဉ်နှင့် ပတ်သက် ၍ အကောက်ခွန်သက်သာခွင့်ဆိုင်ရာ(GSP) အစီအစဉ် မှတစ်ဆင့် မြန်မာ့ပို့ကုန်များ    တိုးချဲ့နိုင်ရန်အတွက် သိရှိသင့်သည့် အချက်များ၊ လုပ်ထုံးလုပ်နည်း များကို အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံး မှ  ကျွမ်း ကျင်သူMs. Anne Zollner က လည်းကောင်း၊ အလုပ်သမားကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား အမေ ရိကန်နိုင်ငံ     အလုပ်သမားဌာနမှ    ကျွမ်းကျင်သူ
Ms. Suzanne Yountchiက လည်းကောင်း၊ အမေရိကန်ပြည် ထောင်စုသို့ ကုန်ပစ္စည်းများ တင်သွင်းရာတွင် သိရှိသင့် သည့်အချက်များကိုUSAID အထောက်အပံ့ဖြင့် ဆောင်ရွက်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကျွမ်းကျင်သူဖြစ်သူMr. Michael Blakeley က လည်း ကောင်း အသီးသီး  ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်များအပေါ်အခြေခံ၍ တက်ရောက်လာ သူများက မရှင်းလင်းသည်များကို မေးမြန်းရာ ကျွမ်း ကျင်သူများက အသီးသီး   ပြန်လည်ဖြေကြားခဲ့ကြပါ သည်။
အကောက်ခွန် သက်သာကင်းလွတ်ခွင့်ဆိုင်ရာ အစီအစဉ်များ ပြန်လည်ခံစားခွင့်ရသည့်အခါ အဆိုပါ အစီအစဉ်များမှတစ်ဆင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင် ဖိတ်ခေါ်နိုင်ခြင်း၊ မိမိတို့ ပို့ကုန်များအပေါ် အကောက်ခွန် လျှော့ပေါ့ကောက်ခံခြင်းကြောင့် ဈေး ကွက် ပိုမိုရရှိနိုင်စေခြင်းနှင့် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိစေ ခြင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် တင်သွင်း လာသည့် ကုန်စည်များအပေါ် အကောက်ခွန်သက်သာ ကင်းလွတ်ခွင့် ရရှိခြင်းကြောင့် ကုန်ထုတ်လုပ်ရာတွင် ဈေးနှုန်းသက်သာစွာဖြင့်  ထုတ်လုပ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။                ရွှေစင်ဦး (DOT)

Agency Ministry of Foreign Affairs
Category General