စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ (၅^၂၀၁၆) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဒီဇင် ဘာ ၁၂ ရက်က နေပြည်တော်ရှိ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊  အစည်းအဝေးခန်းမ၌   ကျင်းပပြု လုပ်သည့် မော်တော်ယာဉ်တင်သွင်းခြင်း နှင့် သက်ဆိုင်သောလုပ်ငန်းများ   ကြီး ကြပ်ရေးကော်မတီ (၅^၂၀၁၆) ကြိမ် မြောက် အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။ အဆိုပါ   အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ မော် တော်ယာဉ် တင်သွင်းမှုများကြောင့် ဒေါ်လာငွေလဲလှယ်နှုန်း  မြင့်တက်လာ မှုများ ဖြစ်ပေါ်နေသည့်အတွက် ပြည်ပ သို့ နိုင်ငံခြားငွေစီးဆင်းမှု လျော့နည်း သွားစေရန် မော်တော်ယာဉ် တင်သွင်းမှု အပေါ်  ဆောင်ရွက်သင့်သည့် နည်း လမ်းများနှင့် အထောက်အထား အတု ပြုလုပ်၍ လျှောက်ထားမှုများ မဖြစ်ပေါ် စေရေးတို့ကို ဝိုင်းဝန်းဆွေးနွေးပေးကြ  စေလိုကြောင်း၊ နိုင်ငံခြားမှ ပို့ကုန်ရငွေ များအား အမြန်ဆုံးပြန်လည်ဝင်ရောက် ရေး အတွက်လည်း ဝန်ကြီးဌာနများနှင့်  ဗဟိုဘဏ်တို့    ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ဝန်ကြီးဌာနများအနေ ဖြင့် လုပ်ဆောင်ရမည့်  အပိုင်းများကို နည်းလမ်းပေါင်းစုံဖြင့်     ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေး၌     ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် စနစ်တကျ ပိုမိုဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များ၊ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ် များအား မော်တော်ယာဉ် တင်သွင်းခွင့် ပြုရာတွင်   ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ပြည်ပသို့  ငွေလွှဲခြင်း၊ ငွေပေးချေခြင်း တို့နှင့်စပ်လျဉ်း၍   ဆောင်ရွက်နေမှု အခြေအနေများ၊ အထောက်အထား အချက်အလက်များ မမှန်မကန် ပြုလုပ် မှုများအား တားဆီးကာကွယ်သင့်သည့် နည်းလမ်းများကို   တက်ရောက်လာ သည့် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိ သူများက   ဆွေးနွေးအကြံပြုခဲ့ကြပါ သည်။
အဆိုပါ    တွေ့ဆုံဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မော်တော်ယာဉ် တင် သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်း များ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိ သူများ၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိက ဘဏ်များမှ    ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                            ြဥဃ (ျွှု

Agency Ministry of Foreign Affairs
Category General