ဗန်းမော်တရုတ်ဆန်ဈေးကွက်မှာ ဆင်း-၃ဆန်ဈေးကွက်တည်တံ့ဖို့ ကုန်ပစ္စည်းနဲ့ ဈေးကွက်ကျွမ်းကျင်ရန်လိုအပ်

ကသာခရိုင်၊ အင်းတော်မြို့နယ်၂၀၁၆-၂၀၁၇ မိုးစပါး စိုက်ဧက၅၃၄၈၈ ဧက စိုက်ပျိုးခဲ့ပါတယ်။ စပါးစိုက်ဧက ငါးသောင်းကျော်မှာ ဆည်ရေ
သွင်းပြီးစိုက်တဲ့ ဧရိယာဧက ရာဂဏန်းသာရှိပြီး ကျန်စိုက်ဧကများမှာ မိုးကောင်းရေသောက် စိုက်ဧကများ ဖြစ်ပါတယ်။ဒီနှစ်မှာနောက်မိုး မလိုက်တာကြောင့်ရေမရတဲ့အတွက် စပါးအထွက်နှုန်းကျဆင်းတဲ့အပြင် အရညအ် သွေး ပါညံ့လို့စက်ပိုင်ကုန်သည်များ အခက်တွေ့နေ
တယ်လို့ ဆန်စက် လုပ်ငန်းရှင်များထံမှသိရပါတယ်။အင်းတော်မြို့နယ် ဆင်းဧကရီသုံးခေါ် ဆင်း-၃ဆန်မှာ ဗန်းမော်မှတစ်ဆင့် တရုတ်ပြည်ကို တင်ပို့တဲ့ပြညပ် ပကို့ နု ် ဈေးကကွ ်ဝယလ် အို ားရတှိ ဲ့ကုန်ပစ္စည်း ဖြစ်ပါ တယ်။ ၂၀၁၆ ခုနှစ်နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလဆန်းမှာဆင်း-၃ဆန်များ ဗန်းမော် ကုန်သည်အဆွဲရှိလို့ စပါးသစ်ပေါ်ချိန် ဆင်း-၃စပါး တင်းတစ်ရာ့ခြောက်သိန်းနဲ့ ဆန်တစ်အိတ် ဗန်းမော်ဈေး ကျပ် ၂၅၅၀ဝရှိခဲ့ပါတယ်။ စပါးသစ်ဖြစ်လို့ အစိုဓာတ်မကုန်ခင် ဆန်စက်လုပ်ငန်းရှင်အချို့ကြိတ်ခွဲတင်ပို့ရာမှ ဈေးကွက်မှာဆန်ဝါပေါက် ဆန်အစိုပြန်ကိတ်ခဲများဖြစ်ပြီး ဗန်းမော် ကုန်သည်များ ဝယ်ယူမှုမရှိဘဲ ပြန်သယ်ယူခဲ့ရတဲ့ ကုန်သည်များ ရှိနေပါတယ်။ ဆင်း-၃ ဆန်ကဗန်းမော် မှတစ်ဆင့် တရုတ်နိုင်ငံကိုတင်ပို့တဲ့ ဒေသထွက်ကုန်ဖြစ်ပြီးမြို့နယ်ရဲ့ အဓိကဝင်ငွေရရှိတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်ဈေးကွက်ရည်ရှည် တည်တံ့ဖို့ ဆင်း-၃ဆန်ဈေးကွက်မှာ မျက်နှာမပျက်စေဖို့ဆန်စက်လုပ်ငန်းရှင်များ၊ ကုန်သည်များ မိမိတင်ပို့တဲ့ ကုန်စည်နဲ့ ဈေးကွက်ကျွမ်းကျင်ဖို့ လိုအပ်နေတယ်လို့ ဝါရင့်ဆန်စက်လုပ်ငန်းရှင်များရဲ့ သုံးသပ်ချက်အရ သိရပါတယ်။
ကြည်နိုင်ဦး (အင်းတော်)

Agency Ministry of Foreign Affairs
Category General