နိုဝင်ဘာလအတွင်း ဆန်နဲ့ဆန်ကွဲ ပိုမိုတင်ပို့

နိုဝင်ဘာ ၂၆ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်းမှာ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ၇ ဒသမ ၂၄၅သန်းတန်ဖိုးရှိ ဆန် ၂၂၅၆၃တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဆန်ပိုမိုတင်ပို့ခဲ့ကြောင်း သိရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် တန်၁၂၆၀ခန့်နဲ့ ဧည့်မထဆန် ၆၉၇၆ တန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၂၅ တန်နဲ့ ဧည့်မထဆန်၁၇၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန် ၁၃၃၂၈ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်က ၁၆၉၇၃ တန်ကျော်သာတင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ၅၅၈၉တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုအနေနဲ့ အမေရိကန်ဒေါ်လာ သုညဒသမ ၂၇၈ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၀၃၁ တန် တင်ပို့ခဲ့ရာ မူဆယ်မှ တန်၇၀ဝနဲ့လွယ်ဂျယ်မှ ၃၃၁တန် တင်ပို့ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာလတစ်လလုံးမှာမြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ တစ်ဖက်တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆၉၈ သန်းတန်ဖိုးရှိ ဆန် ၉၂၅၅၅ တန်ကျော် တင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလဖြစ်တဲ့ အောက်တိုဘာက ၂၉၃၈၁ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုလမှာ၆၃၁၇၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုလမှာ ဆန်အပြင်ဆန်ကွဲပါပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၂
ဒသမ ၈၈၃သန်းတန်ဖိုးရှိ ဆန်ကွဲ ၉၈၁၇တန်ကျော်တင်ပိုခဲ့ပြီး ယခင်လက ၈၄၁၇ တန်ကျော်သာ တင်ပို့ခဲ့တဲ့အတွက်ယခုလမှာ တန် ၁၄၀ဝပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာ ၂၇ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ သီတင်းပတ်အတငွ ်း အမေရ ိ ကနေ် ဒါ်လာ သညု ဒသမ ၄၉၈ သန်းတနဖ် ိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၁၄၁၁တန် တင်ပို့ခဲ့ရာ ရုရှားနိုင်ငံသို့ပေါင်းဆန် ၁၀ တန်နဲ့ ဂျာမနီနိုင်ငံသို့ဧည့်မထဆန် ၂၂၅တန်၊
အီတလီနိုင်ငံသို့ ဧည့်မထဆန် တန် ၁၂၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဧည့်မထဆန် တန် ၅၀နဲ့ ဂျပန်နိုင်ငံသို့ ဧည့်မထဆန်၁၀ဝ၆ တန်ကျော် တင်ပို့ခဲ့ပါတယ်။နိုဝင်ဘာလ တစ်လလုံးမှာ အမေရိကန်ဒေါ်လာ ၄ဒသမ ဝ၂၈သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၁၀၂၃၇ တန်ကျော်တင်ပို့ခဲ့ပြီး အနီးစပ်ဆုံးကာလတင်ပို့မှုထက် ၁၃ တန်ပိုမိုတင်ပို့ခဲ့ပါတယ်။ ဆန်အပြင် အမေရိကန်ဒေါ်လာ၆ဒသမ၄၅၁သန်းတန်ဖိုးရှိ ဆန်ကွဲ ၂၂၅၉၆ တန် တင်ပို့ပြီး ယခင်လက ၁၆၁၀ဝ တန်တင် ပို့ခဲ့တဲ့အတွက် ယခုလမှာ ၆၄၉၆ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General