Updated on : 01-12-2016
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်၂၆ မြို့နယ်ရှိတဲ့အနက် ၂၂ မြို့နယ်မှ မိုးစပါးသစ်များဈေးကွက်ဝင်ရောက်လျက်ရှိပြီး ၄၆ ပေါင်တင်း ၁၀ဝဈေးမှာ ဈေးကွက်ဝယ်လိုအားရှိတဲ့ ပုသိမ်မြို့တွင် ကျပ်၄၃၂၀ဝဝဈေး၊မြောင်းမြမြို့ နယ်တွင်ကျပ် ၄၇၈၀ဝဝ ဈေး၊ အိမ်မဲမြို့နယ်တွင် ကျပ် ၄၆၀ဝဝဝ ဈေး၊ ဝါးခယ်မမြို့နယ်တွင် ကျပ် ၄၃၂၀ဝဝ ဈေး၊ လပွတ္တာ မြို့နယ်တွင် ကျပ် ၄၅၁၀ဝဝဈေး၊ ပန်း တနော်မြို့နယ်တွင် ကျပ် ၄၂၃၀ဝဝဈေး၊ ညောင်တုန်းမြို့နယ်တွင် ကျပ် ၄၄၂၀ဝဝ ဈေး၊ ဓနုဖြူမြို့နယ်တွင် ကျပ် ၄၃၂၀ဝဝ ဈေးဖြင့် အသီးသီး အရောင်းအဝယ်သွက်လျက်ရှိပါတယ်။ ယခုရက်ပိုင်းအတွင်း ရာသီဥတုပွင့်လင်း၍တိုင်းဒေသကြီးအတွင်းရှိ နေရာ
အနှံ့တွင်စပါးများ ရိတ်သိမ်းလျက်ရှိပြီး ကုန်သည်၊ စက်ပိုင်များမှ ယှဉ်ပြိုင်ဝယ်ယူမှုများရှိသောကြောင့် ဈေးကွက်ကြီးမားသော ပုသိမ်၊ မြောင်းမြ၊မအူပင်ခရိုင်များတွင် ဝယ်လိုအားများ၍ စပါးသစ်ဈေးမှာ တင်း ၁၀ဝ ကိုယခင် ထက်ကျပ် ၁၅၀ဝဝ-၂၀ဝဝဝ ဝန်းကျင် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှသိရပါတယ်။
မင်းမင်းဦး(စီးပွားကူးသန်း)
Title | Category | Created On |
---|---|---|
Non Standardized drug | SPS | 04-04-2018 |
မိုရေးအကောက်ခွန်ဌာနက အိန္ဒိယ ကွမ်းသီးကုန်သည်များထံမှ ၄၀ ရာခိုင်နှုန်း အခွန်ကောက်ခံမှုကြောင့် တမူးနယ်စပ်မှ ကွမ်းသီး တင်ပို့မှုကျဆင်း | General | 19-01-2017 |
ဓာတ်မြေသြဇာဈေးကွက် အရောင်းပုံမှန်ရှိ | General | 19-01-2017 |
ဒီတစ်ပတ်မြေသြဇာတန်ချိန် ၄၀ဝ၀ဝ နီးပါးဝင် | General | 19-01-2017 |
ဘိလပ်မြေဈေးကွက်ရောင်းအားတက် | General | 18-01-2017 |